စစ်ကိုင်းမြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီး မြှင့်အပ်နှင်း

စစ်ကိုင်းမြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီး မြှင့်အပ်နှင်း

စစ်ကိုင်းမြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီး မြှင့်အပ်နှင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကို မတ်လ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်တွင် ကျင်းပကြောင်း သိရသည်။

၂၀၂၄-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၁၉ ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၈ ပါးနှင့် လူပုဂ္ဂိုလ် အမျိုးသမီး ၁ ဦး တို့အား ဆက်ကပ်ချီးမြှင့်အပ်နှင်းသည်။

စစ်ကိုင်းမြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီး မြှင့်အပ်နှင်း စစ်ကိုင်းမြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီး မြှင့်အပ်နှင်း စစ်ကိုင်းမြို့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီး မြှင့်အပ်နှင်း

ချီးမြှင့်အပ်နှင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးမှူးမှ အခမ်းအနားဖွင့်စာတမ်း ဖတ်ကြားလျှောက်ထားပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး၊ နဂါးပတ်တောင်ကျောင်းတိုက်၊ ဘဒ္ဒန္တတိသာသန ဆရာတော်မှ သမ္မောဒနီယ ဩဝါကထာမြွတ်ကြားချီးမြင့်တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ် တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်များအား အသီးသီး ဆက်ကပ်ချီးမြှင့်အပ်နှင်းကြောင်း သိရသည်။

အောင်အောင်မြင့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/28/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9e%e1%80%ac%e1%80%9e%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 46分钟前
下一篇 33分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....