ဗဟိုဘဏ်က Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ထပ်မံရောင်းချ

ဗဟိုဘဏ်က Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ထပ်မံရောင်းချ

မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ထပ်မံရောင်းချခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံခြားငွေ ရောင်းချမှုကို ဗဟိုဘဏ်အနေဖြင့် မတ်လအတွင်း ၅ ကြိမ်မြောက် ထုတ်ရောင်းချခဲ့ခြင်းလည်း ဖြစ်သည်။

ယခုမတ်လအတွင်း နိုင်ငံခြားငွေရောင်းချရာတွင် ပိုကုန်၊သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ၁၅ သန်း ၊ ထိုင်းဘတ် သန်း ၃၀၀ နှင့် တရုတ်ယွမ် ၁၂ သန်း ရောင်းချပေးထားကြောင်း ဗဟိုဘဏ်ကထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ငွေလဲကောင်တာများကို အရေးယူလျက်ရှိရာ မတ် ၁၈ နှင့် ၁၉ ရက်နေ့တွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရထားသော ကုမ္ပဏီငါးခုကို လိုင်စင်ရုတ်သိမ်းခဲ့ရာ လက်ရှိတွင် အရေးယူခံရသည့် ငွေလဲကောင်တာ ၁၂ ခုအထိ ရှိလာပြီဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းအချက်အလက်များအရ သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/25/%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%98%e1%80%8f%e1%80%ba%e1%80%80-online-trading-platform-%e1%80%99%e1%80%be%e1%80%90%e1%80%85%e1%80%ba%e1%80%86%e1%80%84%e1%80%b7%e1%80%ba-%e1%80%90%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 9分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....