ပြည်ပပို့ကုန်နှင့် ပြည်တွင်းသုံး ပဲသီးနှံစျေးများ တစ်တင်းကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြားစျေးကျ

ပြည်ပပို့ကုန်နှင့် ပြည်တွင်းသုံး ပဲသီးနှံစျေးများ တစ်တင်းကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြားစျေးကျ

ပြည်ပပို့ကုန်နှင့် ပြည်တွင်းသုံး ပဲသီးနှံစျေးများ တစ်တင်းကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြားစျေးကျ

ပြည်ပပို့ကုန်နှင့် ပြည်တွင်းသုံး ပဲသီးနှံစျေးများ တစ်တင်းလျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြား စျေးကျနေကြောင်း မုံရွာကုန်စည်စျေးကွက်မှသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်က သီးနှံစျေးထက် ၂ ရက်အကြာ မတ်လ ၁၈ ရက်နေ့တွင် ၁၉ ပိသာ တစ်တင်းလျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ အကြား စျေးကျနေခြင်းဖြစ်သည်။

“အကုန်စျေးကျနေတယ်။ တစ်တင်းကို ၂၀၀၀ ကျတာရှိတယ်။ ၃၀၀၀ ကျတာရှိတယ်။ အိတ်စပို့ပဲရော ပြည်တွင်းသုံးပဲရော စျေးကျနေတာပါ။ စျေးကွက်မှာ ပစ္စည်းကပေါတယ်။ ဝယ်လက်ပျောက်နေတာ” ဟု မုံရွာပဲကုန်သည်တစ်ဦးကပြောသည်။

ပြည်ပပို့ကုန်နှင့် ပြည်တွင်းသုံး ပဲသီးနှံစျေးများ တစ်တင်းကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြားစျေးကျ

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ပဲစဥ်းငုံအနီ တစ်တင်းလျှင် ကျပ် ၁၂၁၀၀၀ စျေးရှိနေရာမှ မတ်လ ၁၈ ရက်နေ့တွင် ကျပ် ၁၁၉၀၀၀ သို့ ကျဆင်းခဲ့ပြီး ကုလားပဲ ၉၂၉ တစ်တင်းလျှင် ၈၁၀၀၀ ရှိရာမှ ကျပ် ၇၈၅၀၀ သို့ ကျဆင်းသွားကြောင်း သိရသည်။

ထို့အပြင် ပဲကြီးတစ်တင်းလျှင် ကျပ် ၈၆၀၀၀ မှ ကျပ် ၈၃၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ကျန်သီးနှံများလည်း အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀ အထိ စျေးကျခဲ့ကြောင်း မုံရွာကုန်စည်စျေးကွက်မှသိရသည်။

လက်ရှိ မုံရွာစျေးကွက်သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း နယ်မှ ကုန်အဝင်များရှိနေပြီး မုံရွာစျေးကွက်တွင် အဝယ်ပျောက်နေသော ပဲကြီးကို အများစုက မသိုလှောင်ထားရဲဘဲရှိနေကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/25/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4天前
下一篇 14分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....