၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး

၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး

၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး

မုံရွာမြို့က လယ်တီကျောက်စာတိုက်ကြီးကို လယ်တီကျောင်းတိုက်ဆရာတော်၊ ကျောက်စာထိန်းသိမ်းရေးအဖွဲ့ က အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြရာ သက်တမ်း ၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသေးသည်။

“လယ်တီကျောက်စာတိုက်ကြီးမှာ ကျမ်းပေါင်း ၉၇ ကျမ်းကို ကျောက်စာချပ်ရေ ၈၀၆ ချပ် ရေးထိုး စိုက်ထူထားတာပါ။ လယ်တီဆရာတော်ကြီး တပည့် လယ်တီပဏ္ဏိတ ဦးမောင်ကြီးနဲ့ ဦးကဝိတို့ရဲ့ လယ်တီဆရာတော်ကြီးကျမ်းစာတွေကို နိဿယပြု၊ မြန်မာပြန်တဲ့ ကျောက်စာတွေလည်း ပါဝင်ပါတယ်။ ကျောက်စာ ၈၀၆ ချပ်မှာ စာပေအမျိုးအစားအနေနဲ့ ပါဠိ ၁၇ ကျမ်း၊ နိဿယ ၁၈ ကျမ်း၊ မြန်မာ ၆၂ ကျမ်းပါဝင်ပြီး ကျမ်းအမျိုးအစားအနေနဲ့ ဒီပနီ ၄၆ ကျမ်း၊ ဝိသဇ္ဇနာ ၈ ကျမ်း၊ ဝိနိစ္စယ ၉ ကျမ်းနဲ့ အခြား ၃၄ ကျမ်း ဖြစ်ပါတယ်။ လင်္ကာ၊ ပရိတ်၊ သုတ်၊ ကမ္မဝါစာ၊ သံပေါက်၊ သံခိပ်၊ အန္တရာယ်ကင်း ဝိသောဓနီ စတဲ့ ရေးဖွဲ့မှုတွေကို အခြားထဲမှာ ထည့်သွင်းထားတာပါ” ဟု ကျောက်စာထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦး ကပြောသည်။

ပထမလယ်တီဆရာတော်ကြီး တောထွက်ရာ လယ်တီတောသည် လယ်တီတိုက်ဖြစ်လာပြီး လယ်တီဆရာတော်ကြီး၏ ကျမ်းစာများတည်ရာသည် လယ်တီကျောက်စာတိုက် ဖြစ်လာသည်။ လယ်တီကျောက်စာတိုက် တည်ထားရာတွင် အရပ်ရပ်ကုန်ကျငွေ ကျပ် ၂ သိန်းကျော်လျာထားပြီး ပေပေါင်း ၁၅၀ ကျော် ပတ်လည်ရှိသည့် လယ်တီကျောက်စာတိုက်ကို ၁၂၈၆ ခုမှ ၁၂၈၉ ခုအထိ ၃နှစ်ကြာ တည်ဆောက်ခဲ့ရာ ကျပ် ၁၂၀၀၀၀ ကျော် ကုန်ကျကြောင်း မှတ်တမ်းတွင်တွေ့ရသည်။ ၁၂၈၆ ခုမှ၁၂၉၈ ခုအထိ ၁၂နှစ်အတွင်း တစ်နှစ်လျှင်တစ်ကြိမ် စည်းဝေးပြီး ကျောက်စာတိုက်ကြီးကို ပြင်ဆင်မွမ်းမံလာကြရာ ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ အောင်မြင်ပြီးစီးခဲ့သည့်ကျောက်စာချပ်ရေ ၆၃၀ တိတိ ရှိခဲ့ကြောင်းသိရသည်။

၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး ၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး ၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး ၉၉ နှစ်ကြာသည့်တိုင် သစ်လွင်စွာ တည်ရှိနေသည့် လယ်တီကျောက်စာတိုက်ကြီး

ပထမလယ်တီဆရာတော်ကြီးသည် သက်တော် ၇၈၊ ဝါတော် ၅၈ ဝါ၊ သက္ကရာဇ် ၁၂၈၅ ခု၊ ပထမဝါဆိုလပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ ညနေ ၂နာရီခွဲအချိန် ပျဥ်းမနားမြို့ လယ်တီစံကျောင်း၌ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူပြီး နောက်တစ်နှစ်အကြာ ၁၂၈၆ ခုတွင် လယ်တီကျောက်စာတိုက်ကြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လယ်တီကျောက်စာအသင်းကြီးကို ၁၂၈၆ ခု သီတင်းကျွတ်လဆန်း ၅ ရက်နေ့တွင် မုံရွာမြို့၊ မဟာလယ်တီတိုက်တွင် တည်ထောင်ဖွဲ့စည်းခဲ့ရာ ရဟန်း ၃၀၀ ကျော်၊ လူပုဂ္ဂိုလ် ၂၀၀၀ ကျော်တက်ရောက်ပြီး မန္တလေးမြို့ စံကျောင်းတိုက်ဆရာတော် ဦးစိန္တာ ကို အကြီးအမှူးနာယက တင်ခဲ့ကြောင်းသိရသည်။

အတိုင်ပင်ခံဥက္ကဋ္ဌ ဆရာတော် ၇ပါးကို ရွေးချယ်ပြီး အထွေထွေအကျိုးတော်ဆောင်အဖြစ် စစ်ကိုင်းတောင ရန်ကုန်ချောင် ဆရာတော် ဦးဓမ္မစာရီကို ရွေးချယ်ခန့်ထားသည်။ သဘောတူဆုံးဖြတ်ချက်ချရာတွင် လယ်တီဆရာတော်ကြီး၏ ဒီပနီကျမ်းစာများကို လယ်တီတိုက်ကြီးထဲတွင် ကျောက်ထက်အက္ခရာ တင်ပြီး ပုဒ်၊ ပါဌ်၊ အက္ခရာ ကျကျနနတည်းဖြတ်ပြီး ကောင်းကောင်းမွန်မွန် ရေးသားတည်ထား ကိုးကွယ်ထိုက်ကြောင်း၊ ကြွရောက်လာသူ ရဟန်းနှင့်လူပုဂ္ဂိုလ်အားလုံးက လက်မှတ်ထိုး အတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။

ဒီပနီကျမ်းစာများကို ကျောက်ထက်အက္ခရာ တင်ရန် ရဟန်းပညာရှိ၊ လူပညာရှိများကို ဆပ်ကော်မတီ အသီးသီးက ရွေးကောက်ပြီး မြန်မာပြည်ထက်အောက် လှည့်ကာ ကျောက်စာအလှူတော်ငွေများရရန် ကျောက်စာနယ်လှည့်ဓမ္မကထိကဆရာတော် ၆ပါးကို ရွေးချယ်တင်မြှောက်ကြသည်။

ကျောက်စာအသင်းအစည်းအဝေးနေ့မှာပင် မုံရွာမြို့မှ လှူသူအများအပြားပေါ်ထွက်ခဲ့ရာ တစ်နှစ်အတွင်း မြန်မာပြည်အရပ်ရပ်မှ အလှူငွေ ကျပ် ၁၅၀၀၀၀ ရရှိခဲ့ကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/25/%e1%81%89%e1%81%89-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba-%e1%80%9e%e1%80%85%e1%80%ba%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 16分钟前
下一篇 8分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....