မုံရွာမြို့သနပ်ခါးစျေးတန်းတွင် ဝယ်သူမရှိသလောက်ဖြစ်နေ

မုံရွာမြို့သနပ်ခါးစျေးတန်းတွင် ဝယ်သူမရှိသလောက်ဖြစ်နေ

မုံရွာမြို့သနပ်ခါးစျေးတန်းတွင် ဝယ်သူမရှိသလောက်ဖြစ်နေ

မုံရွာမြို့ ကျောက်ကာလမ်းရှိ သနပ်ခါးစျေးတန်းတွင် စျေးလျော့ရောင်းချနေသော်လည်း ဝယ်သူမရှိဖြစ်နေကြောင်း သနပ်ခါးရောင်းသူ ဒေါ်ခင်မေသင်း ထံမှသိရသည်။

“သနပ်ခါးစျေးကွက်ကအေးနေတယ်။ အရင်က တစ်နေ့ကို ၅သောင်းဖိုး၊ တစ်သိန်းဖိုးရောင်းရတယ်။ အခု ၂သောင်းဖိုး၊ ၃သောင်းဖိုး ရောင်းရဖို့မလွယ်ဘူး။ တစ်ခါတစ်လေ စျေးဦးမပေါက်ဘူး။ နယ်တွေတင်တာလည်း ရှားသွားတယ်။ မြို့ပေါ်အဝယ်ကတော့ တစ်တုံး၊ ၂တုံး၊ အဲလောက်လေးတွေ ရောင်းရတာပေါ့။ လက်ဆောင်ပေးဖို့ဝယ်တာ ရှားသွားတယ်“ဟု ဒေါ်ခင်မေသင်းကပြောသည်။

ချင်းတွင်းမြစ်အနောက်ဘက် ယင်းမာပင်နယ် ဘန့်ဘွေးရွာနှင့်ဝန်းကျင်ထွက် သနပ်ခါးတုံးများကို မုံရွာစျေးကွက်တွင် တင်ရောင်းခြင်းဖြစ်ပြီး ယခင်က ရန်ကုန်စျေးကွက်သို့ ပို့ရသလို အထက်ပိုင်းလည်း တင်ပို့ရသည်။ လက်ရှိအရောင်းပါးလျက်ရှိရာ ရန်ကုန်နှင့်အခြားနယ်များ မပို့ရသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

မုံရွာမြို့သနပ်ခါးစျေးတန်းတွင် ဝယ်သူမရှိသလောက်ဖြစ်နေ

“စျေးနှုန်းကို ဝယ်သူလာတုန်း ရောင်းရတာဆိုတော့ လျော့ရောင်းကြတာပါ။ သနပ်ခါးတစ်တုံးကို အရင်က ၂၅၀၀ လောက်ရောင်းရင် အခု ၂၀၀၀ လောက်နဲ့လည်း ရောင်းလိုက်တာပဲ။ ဝယ်သူလာတုန်း ရောင်းရတာဆိုတော့လေ”ဟု ဒေါ်ခင်မေသင်း ကပြောသည်။

လက်ရှိတွင် ရောင်းကုန်သနပ်ခါးကုန်ကြမ်းရရှိမှု မခက်ခဲသော်လည်း အရောင်းခက်နေသည့်အတွက် သနပ်ခါးစျေးကွက် မြန်မြန်ပြန်ကောင်းရန်သာ ဆုတောင်းနေရကြောင်း သနပ်ခါးရောင်းသူများကဆိုသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ မုံရွာမြို့ ကျောက်ကာလမ်းတွင် သနပ်ခါးအရောင်းဆိုင်တန်းအဖြစ် ပေါ်ထွက်လာပြီး အလျင်မပြတ် သနပ်ခါးတုံးများ ရောင်းချပေးနေပြီး မုံရွာမြို့စျေးများတွင်လည်း သနပ်ခါးရောင်းသူအချို့ ရှိသေးသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/09/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%94%e1%80%95%e1%80%ba%e1%80%81%e1%80%ab%e1%80%b8%e1%80%85%e1%80%bb%e1%80%b1%e1%80%b8/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 6, 2022 10:30 下午
下一篇 9月 9, 2022 9:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....