အိမ်ခြံအမှတ် ၅၄ ကိုလေလံတင်ရောင်းချရာ မအောင်မြင်ခဲ့

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် အိမ်ခြံအမှတ် ၅၄ ကိုလေလံတင်ရောင်းချရာ မအောင်မြင်ခဲ့

အိမ်ခြံအမှတ် ၅၄ ကိုလေလံတင်ရောင်းချရာ မအောင်မြင်ခဲ့

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် အိမ်ခြံအမှတ် ၅၄ ကို မတ်လ ၂၀ ရက်နေ့က လေလံတင်ရောင်းချရာတွင် မအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါခြံအား ကမာရွတ်ခရိုင်တရားရုံး တရားရေးအရာရှိများက လေလံတင်ရောင်းချရာ ဝယ်ယူမည့်သူ မရှိဘဲဖြစ်ခဲ့ခြင်းကြောင့် လေလံပွဲဆိုင်းငံ့လိုက်ကြောင်း တရားရုံးအရာရှိများက ကြေညာခဲ့ခြင်းဖြစ်သည်။

အိမ်ခြံအမှတ် ၅၄ ကိုလေလံတင်ရောင်းချရာ မအောင်မြင်ခဲ့ အိမ်ခြံအမှတ် ၅၄ ကိုလေလံတင်ရောင်းချရာ မအောင်မြင်ခဲ့

“ခြံအမှတ် ၅၄ ရှေ့မှာပဲ တရားရေးအရာရှိတွေက လေလံဆွဲဝယ်ယူနိုင်တယ်လို့ သုံးကြိမ်တိုင် ကြေညာခဲ့တယ်။ ဒါပေမယ့် လေလံဆွဲမည့်သူ မရှိဘူး။ ခြံရှေ့မှာလည်း သတင်းထောက်တွေနဲ့ လုံခြုံရေးတွေလောက်ပဲ ရှိခဲ့တာ။‌ လေလံဆွဲမယ့်သူမရှိတော့ လေလံဆွဲမှု မအောင်မြင်ကြောင်း သုံးကြိမ် မောင်းထုကြေညာပြီး ဆိုင်းငံ့လိုက်တယ်” ဟု သတင်းထောက်တစ်ဦးကပြောသည်။

အဆိုပါနေအိမ်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာသန်း ၉၀ (မြန်မာငွေကျပ်သိန်းပေါင်း ၃သန်း ၁ သိန်း ၅ သောင်း)ဖြင့် လေလံဆွဲနိုင်ကြောင်း ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် အမိန့်ချခဲ့သည်။ ခြံဝင်းထဲရှိ နှစ်ထပ်တိုက်ပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်ရယူရန်၊ တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို ဦးအောင်ဆန်းဦး ရယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်အတွင်း အမိန့်ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ဦးအောင်ဆန်းဦးက မကျေနပ်ဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ထပ်မံတင်ပြနောက် နေအိမ်ကို လေလံဆွဲ ရောင်းချရန် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/25/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba-%e1%81%85%e1%81%84-%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%b1%e1%80%9c%e1%80%b6%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 16分钟前
下一篇 13分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....