စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းကစစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူဝိပဿနာအကယ်ဒမီ ကျောင်းတိုက်ကြီးအတွင်း ကျင်းပကြောင်း သိရသည်။

ဆရာတော်/သံဃာတော်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိ မြို့ဖများနှင့် အလှူရှင်များက ဝတ္ထုငွေနှင့်ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဆက်လက်၍ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီးတွင် စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာကိုကျင်းပရာ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်း အနားကို ဖွင့်လှစ်သည်။

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးဩဝါဒကထာကိုသီတဂူဆရာတော်ကြီးက မိန့်ကြားချီးမြင့်တော်မှုပြီး ဆရာတော်ကြီးထံ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဒါတပ္ပဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ မေတ္တာပို့အမျှဝေးကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

အောင်အောင်မြင့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/28/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%be%e1%80%ad-%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 35分钟前
下一篇 31分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....