ဆိုလာမီး အပူလွန်ကဲရာမှ စားသောက်ဆိုင်တစ်ဆိုင် မီးလောင်မှုတစ်ခု မန္တလေးမြို့တွင် ဖြစ်ပွားခဲ့
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် မတ်လ ၂၇ ရက်နေ့ ည၁၁နာရီခွဲခန့်က ဆိုလာမီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက် ည ၁၁ နာရီ ၃၆ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈လမ်း၊ ၃၈ (A)လမ်းနှင့် ၃၈(B)လမ်းကြားရှိ စီချွမ်းမာလာစားသောက်ဆိုင်တွင် အကာအရံမပါသည့် ထန်းရွက်မိုးဆိုင်ခန်း၏ ထန်းရွက်အမိုးပေါ်၌ တပ်ဆင်ထားသည့် ဆိုလာမီးအပူလွန်ကဲရာမှ ထန်းရွက်မိုးကို မီးကူးစက် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ သိရသည်။
မီးလောင်မှုကြောင့် အကာအရံမပါသည့် ထန်းရွက်မိုးစားသောက်ဆိုင်ခန်းအချို့ မီးလောင်ပျက်စီးခဲ့ရပြီး မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့သည့် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူကို အမှတ် ၉ မြို့မရဲစခန်းတွင် တည်ဆဲဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုကျားကြီး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/31/%e1%80%86%e1%80%ad%e1%80%af%e1%80%9c%e1%80%ac%e1%80%99%e1%80%ae%e1%80%b8-%e1%80%a1%e1%80%95%e1%80%b0%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%b2%e1%80%9b%e1%80%ac%e1%80%99%e1%80%be-%e1%80%85/