မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းတွင် စုပုံထားသော သတ္တုရိုင်းများ ရွေ့ပြောင်း

မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းတွင် စုပုံထားသော သတ္တုရိုင်းများ ရွေ့ပြောင်း

မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းတွင် စုပုံထားသော သတ္တုရိုင်းများ ရွေ့ပြောင်း

Stockpile တွင် စုပုံထားသော သတ္တုရိုင်းများကို Coveyor Belt System မှတဆင့် Heap Leaching Pad သို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းကို မတ်လ ၂၉ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း မြန်မာ-ဝမ်ပေါင် မိုင်းနင်းကော့ပါးကုမ္ပဏီလီမိတက်၏ ထုတ်ပြန်ချက်အရသိရသည်။

သတ္တုရိုင်းများကို စံချိန်စံညွှန်းများနှင့်အညီ အဆင့်ဆင့် သယ်ယူကာ Heap Leaching Pad တွင် စုပုံထားမည်ဖြစ်ပြီး တစ်ပတ်ကြာအချိန်ယူ၍ သတ္တုရိုင်း ရွှေ့ပြောင်းနေခြင်းဖြစ်သည်။

မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းတွင် စုပုံထားသော သတ္တုရိုင်းများ ရွေ့ပြောင်း မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းတွင် စုပုံထားသော သတ္တုရိုင်းများ ရွေ့ပြောင်း

သတ္တုရိုင်းရွှေ့ပြောင်းခြင်းလုပ်ငန်း ပြီးဆုံးသွားလျှင် စက်ယန္တရားများနှင့် အဆောက်အဦများ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကြေးနီစီမံကိန်းထုတ်လုပ်မှုကို ကာလကြာရှည် ရပ်ဆိုင်းထားရသည့်အတွက် အသုံးမပြုဘဲ ထားထားသော သတ္တုတွင်းဧရိယာရှိ စက်ယန္တရားများနှင့် အဆောက်အဦများသည် သံချေးတက်စားခြင်းများ ဖြစ်ပေါ်လာလျက်ရှိနေခြင်းကြောင့် ကုမ္ပဏီအနေဖြင့် မိုးရာသီမရောက်မီ Stockpile ရှိ စက်ယန္တရားများနှင့် အဆောက်အဦများကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို အာရုံစိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/31/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9d%e1%80%99%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba-%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%94%e1%80%ae%e1%80%85%e1%80%ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 1天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....