မြန်မာ့စိန်တလုံးသရက်သီးမြန်မာ့စိန်တလုံးသရက်သီး

မြန်မာ့စိန်တလုံးသရက်သီး တရုတ်ဈေးကွက်ထက် စင်ကာပူဈေးကွက်က ဈေးကောင်းရဟုဆို

မြန်မာ့စိန်တလုံးသရက်သီးမြန်မာ့စိန်တလုံးသရက်သီး

စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းမှတဆင့် အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက်သီး တန်ချိန် (၁၀၀) ခန့် တင်ပို့သွားမည်ဖြစ်ပြီး မူဆယ်စျေးကွက်သို့ တင်ပို့ခြင်းထက် စျေးကောင်းရရှိကြောင်း သဇင်နွယ် ကုမ္ပဏီ က သိရသည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ သဇင်နွယ်သရက်ခြံထွက် သရက်သီးများအပြင် ဒေသထွက် စိန်တလုံးသရက်သီးများကို စင်ကာပူဈေးကွက်သို့ ဇွန်လဆန်းပိုင်းက စတင် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ရက်ကို သရက်သီး (၇-၈) တန် ဝင်ဆံ့သည့် ကွန်တိန်နာတွေနဲ့ စိန်တလုံးသရက်သီး တန် ၄၀ ခန့်ကို ကွန်တိန်နာ ၅ စီးနဲ့ တင်ပို့ပြီးဖြစ်တယ်။ ယခုနှစ်မှာ အသီးထွက်နှုန်း နည်းပါးတာကြောင့် အရည်အသွေးမီ စိန်တလုံးသရက်သီးတွေကို စျေး တိုးမြင့်ဝယ်ရပါတယ်။ ဒီနှစ် သရက်သီးရာသီမှာ ဇွန်လလယ်အထိ တန် ၁၀၀ ခန့် တင်ပို့သွားဖို့ ရည်မှန်းထားပါတယ်။” ဟု သဇင်နွယ် ကုမ္ပဏီ မှ မန်နေဂျာ ဦးဌေးအောင် ကပြောသည်။

မြန်မာ့စိန်တလုံးသရက်သီးမြန်မာ့စိန်တလုံးသရက်သီး

စင်ကာပူဈေးကွက်ကို တင်ပို့ရောင်းချနိုင်ရန် သရက်စိုက်တောင်သူများထံမှ ၂၅၀ ဂရမ် – ၃၀၀ ဂရမ် အရွယ်အစားရှိသည့် စိန်တလုံးသရက်သီး တစ်တန်လျှင် ကျပ်ငွေ ၁၂ သိန်းခွဲအထိ ပေးဝယ်ရပြီး မူဆယ်စျေးကွက်သို့ တင်ပို့ခြင်းထက် စျေးကောင်းရရှိကြောင်း သိရသည်။

မြန်မာ့စိန်တလုံးသရက်ကို ၂၀၁၉ ခုနှစ်ကတည်းက သင်္ဘောလိုင်းဖြင့် အအေးခန်းကွန်တိန်နာများဖြင့် တင်ပို့ရခြင်းဖြစ်ကြောင်း သိရသည်။ စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံ သို့ မူဆယ်မှတဆင့် ဝမ်တိန်စျေးကွက်သို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%85%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 12, 2023 11:04 上午
下一篇 6月 12, 2023 11:11 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....