မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ

မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ

မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ကြီးမှူး၍ CETC အဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် “2024 Myanmar Business and Investment Forum & CETC Think Tank News Media Seminar” ကို မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မြန်မာသံရုံး၊ ပေကျင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ CETC ၊ နာယက Mr. Xu Liangqing၊ CETC ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် Yu Yanzhong တို့အပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်ရာ၊ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ များစွာရှိပြီး ရင်းနှီးမြှုပ်နှံသူများ အကျိုးဖြစ်ထွန်းစေမည့် ပတ်ဝန်းကျင်ကောင်းများကိုလည်း ဖန်တီးထားကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားလိုပါကြောင်းဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။

မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် မြန်မာစီးပွားရေးနှင့်ရင်းနှီးမြုပ်နှံရေးဖိုရမ်ကျင်းပ

ဆက်လက်၍ မြန်မာသံရုံး၊ ပေကျင်းမြို့၊ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်မှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ မြန်မာနိုင်ငံတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံနိုင်သည့်ကဏ္ဍများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်ပြေလွယ်ကူစေရေး စီစဉ်ထားရှိမှု အခြေအနေ၊ e-commerce platform တို့အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မေးမြန်းသည့် မေးခွန်းများကို ပြန်လည် ဖြေကြားပေး ခဲ့ပါသည်။
မြန်မာ-တရုတ် ခရီးသွားလာမှုမြှင့်တင်ရေးအဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mr. Liu Wei မှ ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် မြန်မာ့လူမျိုးတို့၏ ချစ်စရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ၊ တရုတ်လူမှုကွန်ရက်စာမျက်နှာများတွင် ပြန့်နှံ့နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းများမှာ မှန်ကန်မှုမရှိကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လည်ပတ်နိုင်သည့်နေရာများသည် လုံခြုံမှုရှိကြောင်း အပါအဝင် မြန်မာနိုင်ငံတွင် လည်ပတ်ရန် စွဲဆောင်မှုကောင်းသည့်နေရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့အတူ CETC ၏ နာယက Mr. Xu Liangqing၊ CETC ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် Yu Yanzhong တို့မှလည်း မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပြီး ကြွရောက်လာကြသည့် ဧည့်သည်တော်များအား အစားအစာများနှင့် တည့်ခင်းဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/02/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%81%8a-%e1%80%95%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8分钟前
下一篇 4分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....