ပို့ကုန်ပဲများ အရောင်းအဝယ်ကောင်းလာပြီး ပဲ၊ နှမ်း ဈေး ဈေးအနည်းငယ် တက်လာ
ဈေးကွက်ကျဆင်းနေသည့် ပဲ၊နှမ်းဈေးကွက် လှောင်လက်သမားများ အဝယ်ရှိလာခြင်းကြောင့် ဈေးအနည်းငယ် တက်လာပြီး ပို့ကုန်ပဲများမှာလည်း ဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း ပဲကုန်သည်များ ထံက သိရသည်။
မတ်လကုန်ရက်များအထိ ဈေးကျဆင်းနေသည့် ပဲ၊ နှမ်း ဈေးကွက်မှာ လှောင်လက်သမားများ အဝယ်ပြန်ရှိလာသဖြင့် ဈေးအနည်းပြန်လည် မြင့်တက်လာပြီး အရောင်းအဝယ် ကောင်းလာကြောင်း၊ သင်္ကြန်ကာလမတိုင်မီအထိ ပဲ၊ နှမ်း ဈေးကွက်မှာ လှောင်လက်အဝယ်သမား၏ ဝယ်လိုအား ကောင်းနေနိုင်ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင် ကပြောသည်။
“မတ်လကုန်ရက်များတွင် ဈေးကျဆင်းနေတဲ့ ပဲ၊ နှမ်း ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းလာပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးအကျ ရပ်သွားပြီး ဈေးပြန်တက်လာပါတယ်။ အခြား ပဲမာလိုင်းတွေလည်း ဈေးပြန်တက်လာတာတွေ ရှိပါတယ်။ ပဲကြီးတွေ ဈေးပြန်တက်လာပါတယ်။ မတ် ၂၇ ရက်ထိ ဈေးကျဆင်းနေတဲ့ ပဲတွေ လှောင်လက်သမားတွေ အဝယ် ကောင်းလာပါတယ်။ ပဲဈေးကွက် တစ်ခုလုံး ဈေးကျနေတာကနေ ပြန်အဝယ်ရှိလာလို့ သင်္ကြန်ကာလ မတိုင်မီအထိ အရောင်းအဝယ် ကောင်းနေမှာပါ” ဟု ၎င်းက ပြောသည်။
သင်္ကြန်ကာလ ပိတ်ရက်များမတိုင်မီ နှစ်စဉ် ပဲ၊ နှမ်း ဈေးကွက် အရောင်းအဝယ်သွက်လေ့ရှိပြီး သင်္ကြန်ပြီးကာလများတွင် အနည်းငယ် ဈေးအေးသွားတတ်ကြောင်း သိရသည်။
ရွှေနွယ်ကြိုး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/31/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1/