တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ်

တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ်

တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်းတုရပ်ကွက်၊ China (Yunnan) Pilot Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) (Myanmar Trade Center, Kunming) ကို မတ်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) ဖွင့်ပွဲအခမ်းအနားသို့ ရာ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် စီးပွားရေးသံမှူး ဦးလျန်ရှန်းမုန်၊
မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tang Wai၊ ယူနန် ပြည်နယ် ကူမင်းမြို့ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တုပြည်သူ့အစိုးရမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည် လုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ် တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ် တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ် တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ်

မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) သည် မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးဌာန၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ကြီးကြပ်မှု၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ပြည်သူ့အစိုးရ၊ ကွမ်တုရပ်ကွက်ပြည်သူ့အစိုးရ၊ China (Yunnan) Pilot Free Trade Zone International Trade Enterprise Cluster Park တို့၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aosidi International Trade Co., Ltd တို့ ပူပေါင်းဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်သည်။

စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး လုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေးတို့ကို အဓိကထား၍ အထူး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရှေးရှုဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/02/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6-%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad-3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 2, 2024 9:34 上午
下一篇 2天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....