စစ်ကိုင်းခရိုင်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများထောက်ပံ့
စစ်ကိုင်းခရိုင်အတွင်းရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဧပြီ(၇)ရက်နေ့ နံနက်(၁၁)နာရီက စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ လေးကျွန်းမာရ်အောင်ဘုရား၊ ဓမ္မဒူတရောင်ခြည် ဓမ္မာရုံတွင် ဆန်ရိက္ခာထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့ ရပ်ကွက်များရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူ ပြည်သူ (၉၁၁၂)ဦး၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု(၂၆၆၀)ဦး၊ စုစုပေါင်း (၁၁၇၇၂)တို့အား တစ်ဦးလျှင်(၁)ရက်၊ နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာ ထောက်ပံ့ပေးသွားမည်ဟုဆိုသည်။
ရိက္ခာဆန်များ ထောက်ပံ့ရာတွင် စစ်ကိုင်းခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကဒ်၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေး မှတ်တမ်းထားရှိပြီး နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ထုတ်ပေးနေကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/09/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9b/