မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ အဆင်ပြေစွာ တင်ပို့နိုင်ရန် နှစ်နိုင်ငံကုန်သည်များ ညှိနှိုင်းလျက်ရှိ

မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ အဆင်ပြေစွာ တင်ပို့နိုင်ရန် နှစ်နိုင်ငံကုန်သည်များ ညှိနှိုင်းလျက်ရှိ

မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ အဆင်ပြေစွာ တင်ပို့နိုင်ရန် နှစ်နိုင်ငံကုန်သည်များ ညှိနှိုင်းလျက်ရှိ

မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ အဆင်ပြေစွာ တင်ပို့နိုင်ရန် နှစ်နိုင်ငံကုန်သည်များ ညှိနှိုင်းလျက်ရှိကြောင်း ကုန်လုပ်ငန်းရှင်များထံက သိရသည်။

“လက်ရှိမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေတာက တာလော့ဂိတ် တစ်ဂိတ်ပဲ ရှိပါတယ်။ လက်ရှိမှာ သယ်ယူတင်ပို့စရိတ်က ခြောက်ဘီးတစ်စီးကို ကားခ သိန်း ၆၀-၇၀ ပေါက်ဈေးရှိနေတော့ သရက်သီးတင်ပို့စရိတ်က ကြီးမှာပါ။ တစ်ဖက်မှာလည်း ယွမ်ငွေဈေးက ကောင်းနေတော့ ဈေးကောင်းရနိုင်ပါတယ်။ အဓိကတော့ တင်ပို့နိုင်တဲ့ လမ်းကြောင်းရှိရင် ကုန်သွယ်မှုဖြစ်လာမှာပါ။ မနှစ်က တင်ပို့ခွင့်ရှိခဲ့ပေမယ့် ဈေးကောင်းမရရှိခဲ့ပါဘူး။ ပို့ကုန်အဖြစ် တင်ပို့မယ်ဆိုရင်တော့ အသီးအရည်အသွေးကောင်းမှ ဈေးကောင်း ရနိုင်ပါမယ်”ဟု ခွာညို သစ်သီး ပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် မြန်မာကုန်သည်များနှင့် တရုတ်ကုန်သည်များ ညှိနှိုင်းလျက်ရှိသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ်လမ်းကြောင်းမှ တရားဝင်တင်ပို့နိုင်မည့် မြေပြင်အခြေအနေများမရှိခြင်းကြောင့် တရားဝင်တင်ပို့ရန် မဖြစ်နိုင်သေးကြောင်းနှင့် လက်ရှိတွက် တာလော့ဂိတ်တစ်ခုတည်းသာ တင်ပို့နေခြင်း ဖြစ်သည်။

စိန်တလုံးသရက်သီး၏ စင်တင်ကာလမှာ ၅ – ၇ ရက်သာ ရှိခြင်းကြောင့် ပို့ကုန်လမ်းကြောင်း ရက်ကြာမြင့်လျှင် အသီးအမှည့်လွန်ပြီး ဆုံးရှုံးမှုရှိနိုင်ကြောင်း၊ လက်ရှိ ပို့ကုန်လမ်းကြောင်းမှာ ၁၀ ရက်ခန့် ကြာမြင့်ခြင်းကြောင့် သရက်သီးတင်ပို့ရန် မဖြစ်နိုင်ခြင်းကြောင့် ပြည်တွင်းဈေးကွက်ကိုသာ ဦးတည်နေရကြောင်း အခြားတစ်ဖက်မှာလည်း ပြည်ပဈေးကွက် သေချာမှုမရှိခြင်းကြောင့် သရက်ခြံများ ပြုစုစောင့်ရှောက်မှု အိတ်စွပ်မှုများ၊ လုပ်သားခများ လျှော့ချထားကြောင်း မြန်မာနိုင်ငံ သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးကျော်စိုးနိုင်က ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/16978/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 51分钟前
下一篇 48分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....