မန္တလေးတွင် ငွေကျပ် ၇၄၀၁ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်ရှာဖွေရာမှ ငွေကျပ် ၇၄၀၁ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဧပြီလ ၁၃ ရက်နေ့ ၁၈၀၀ အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၅၉ ဒီလမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားနေ အောင်ဇော်(ခ)ချွမ်ဆုန့်မင့် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၂.၂၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၆၉ သိန်း)၊ Happy Water အလေးချိန် ၅.၁၁၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၁၃၈ သိန်း)၊ အက်တက်စီဆေးပြား ၉၉၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၉၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် အောင်ဇော်(ခ)ချွမ်ဆုန့်မင့်(၄၂)နှစ်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ကိုကျားကြီး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95%e1%80%ba-%e1%81%87%e1%81%84%e1%81%80%e1%81%81/