တရားဥပဒေမူဘောင်အတွင်း၌ဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းရန်တရုတ်မှထပ်မံတိုက်တွန်း

တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် တရုတ်နိုင်ငံမှ ထပ်မံတိုက်တွန်း

တရားဥပဒေမူဘောင်အတွင်း၌ဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းရန်တရုတ်မှထပ်မံတိုက်တွန်း

ဧပြီလ ၁၇ ရက်၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနမှသတင်းထောက်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သောမေးခွန်းကို ဖြေကြားရာတွင် တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် တရုတ်နိုင်ငံမှ ထပ်မံတိုက်တွန်းကြောင်း ဖြေကြားခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်က မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြကြကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်စေ့စပ်ရာတွင် အရေးကြီးသော ကဏ္ဍမှပါဝင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်သတင်းအပေါ် တရုတ်နိုင်ငံက ကြိုဆိုပါသလား ဟူသည့် မေးမြန်းချက်ခဲ့ခြင်းဖြစ်သည်။

ထိုမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က တရုတ်နိုင်ငံသည် အဆိုပါသတင်းကိုသတိထားမိပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် တရုတ်နိုင်ငံမှ အားပေးထောက်ခံမှုကို ထပ်လောင်းပြောကြားလိုကြောင်း ဖြေကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%a5%e1%80%95%e1%80%92%e1%80%b1%e1%80%99%e1%80%b0%e1%80%98%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%81%8c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 50分钟前
下一篇 47分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....