ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ကို ကျင်းပခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ကကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း တက်ရောက်ခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကွမ်ရှီးဒေသ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Wu Yujun၊ First Level Inspector Tang Zhenzhu၊ နန်နင်း CPC အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် Publicity Department ဥက္ကဋ္ဌဖြစ်သူ Zhao Yongfu၊ ကမ္ဘောဒီးယား ယဉ်ကျေး မှုနှင့် အနုပညာဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် အာဆီယံဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး Suos Lyda၊ ဗီယက်နမ် National Cong Theatre ဥက္ကဋ္ဌ Pham Ngoc Tuan နှင့် နန်နင်းမြို့၊ ဒုတိယမြို့တော်ဝန် Mr. Guo Wei၊ နန်နင်းမြို့အခြေစိုက် ထိုင်းနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားကျင်းပ ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားကျင်းပ ဒုတိယအကြိမ်မြောက် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားကျင်းပ

နန်နင်းမြို့ရှိ People’s Theatre ၌ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် China-ASEAN (Nanning) Intangible Cultural Heritage Week ဖျော်ဖြေရေးအစီအစဉ်တွင် မြန်မာ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့မှ သူငယ်တော်အက၊ ပုဂံအက၊ သင်္ကြန်အကစသည့် မြန်မာ့ဇာတ်သဘင်၊ ယဉ်ကျေးမှုအကအလှများဖြင့် ပါဝင်တင်ဆက်ခဲ့သည်။

China-ASEAN (Nanning) Intangible Cultural Heritage Week သို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်သည့် (၈)ဦးပါ မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ဖျော်ဖြေခဲ့ကြခြင်းဖြစ်ပြီး မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဧပြီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ပြုလုပ်သည့် အစီအစဉ်အသီးသီးတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-china-asean-nanning-intangible-cultural-heri/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 45分钟前
下一篇 43分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....