မြန်မာသံရုံး၊ ပေကျင်းမြို့ နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးတို့မှ နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ်

မြန်မာသံရုံး၊ ပေကျင်းမြို့ နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးတို့မှ နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ်

မြန်မာသံရုံး၊ ပေကျင်းမြို့ နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးတို့မှ နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်၍ မြန်မာသံရုံး ဝန်ထမ်းမိသားစုနှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးမိသားစုတို့မှ ဧပြီလ ၁၇ ရက်နေ့၌ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွန်း (စွယ်တော်) ကျောင်းတိုက်တွင် နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာသံအမတ်ကြီးမှ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူ/ပြည်သားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ကြသည်။

မြန်မာသံရုံး၊ ပေကျင်းမြို့ နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးတို့မှ နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ် မြန်မာသံရုံး၊ ပေကျင်းမြို့ နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးတို့မှ နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ် မြန်မာသံရုံး၊ ပေကျင်းမြို့ နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးတို့မှ နှစ်ဆန်းတစ်ရက်နေ့ အလှူဒါန ပြုလုပ်

အခမ်းအနားသို့ လင်ကွန်း (စွယ်တော်) ကျောင်းတိုက် ဆရာတော်နှင့် ဘုန်းတော်ကြီးများ မှ ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းနှင့် ရေစက်ချ တရားနာခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဘုရားဖူးကြွရောက်လာကြသည့် မြန်မာ ကျောင်းသား/ ကျောင်းသူများ၊ တရုတ်နိုင်ငံသားများအား မြန်မာသံရုံး ဝန်ထမ်းမိသားစုမှ မြန်မာအစားအစာဖြစ်သည့် ကောက်ညှင်းအုန်းနို့ပေါင်း နှင့် မြန်မာ (ကြည်း/ရေ/လေ) စစ်သံရုံးမှ သာကူကျို တို့ဖြင့်လည်းကောင်း စတုဒိသာ ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%81%8a-%e1%80%95%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%99-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 48分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....