ပြည်တွင်း သကြားဈေး မြင့်တက်လာသည်နှင့်အတူ ကြံဝယ်ဈေး တိုးမြှင့်ပေးသွားမည်

ပြည်တွင်း သကြားဈေး မြင့်တက်လာသည်နှင့်အတူ ကြံဝယ်ဈေး တိုးမြှင့်ပေးသွားမည်

ပြည်တွင်း သကြားဈေး မြင့်တက်လာသည်နှင့်အတူ ကြံဝယ်ဈေး တိုးမြှင့်ပေးသွားမည်

ပြည်တွင်းသကြားဈေး မြင့်တက်လာသည်နှင့်အတူ ကြံစိုက်တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၂၀၀၀၀ ခန့် တိုးမြှင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လကုန်ပိုင်းက ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၁၇၀ သာ ပေါက်ဈေး ရှိခဲ့သော်လည်း ဧပြီ ၂၀ ရက်တွင် သကြားတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေး ဖြစ်လာသည်။

ကြံရာသီအစတွင် တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၁၃၀၀၀၀ သာ ဈေးဖြတ်ထားရာ ယခု ကြံရာသီမသိမ်းမီ ပြည်တွင်းသကြားဈေးမြင့်တက်လာခြင်းကြောင့် တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀၀၀၀ခန့်ထိ တိုးမြှင့်ပေးစေချင်ကြောင်း ကြံစိုက်တောင်သူများထံက သိရသည်။

“ကြံရာသီအစမှာ ကြံတစ်တန် ငွေကျပ် ၁၃၀၀၀၀ ပဲ ပေးထားတာပါ။ အခု ပြည်တွင်းသကြားဈေးက မြင့်တက်လာတော့ ကြံတစ်တန်ဈေးကိုလည်း တိုးမြှင့်ပေးစေချင်ပါတယ်။ တောင်သူများ အနေနဲ့ စက်သုံးဆီ၊ ကြံခုတ်ခနှင့် အခြားသွင်းအားစုများ ဈေးတွေက မြင့်တက်နေတော့ တောင်သူတွေ အနေနဲ့ စိုက်ပျိုးစရိတ် ပိုမို ကုန်ကျထားပါတယ်။ လက်ရှိမှာ သကြားစက်ကြီးတွေကလည်း ကြံစိုက်ဧကရဲ့ ၅၅ ရာခိုင်နှုန်းလောက်သာ ကြိတ်ဝါးနိုင်သေးတယ်။ လာမယ့် မေလကုန်အထိ မိုးရွာသွန်းမှု မရှိဘဲ ကြိတ်ဝါးနိုင်မှသာ ကြံစိုက်ဧကများ အကုန် ကြိတ်ဝါးနိုင်မှာ ဖြစ်ပါတယ်” ဟု မောင်းကုန်းဒေသ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် သကြားစက်ရုံကြီးများမှ ကြံရာသီကုန်သည်အထိ ကြိတ်ဝါးပြီးသွားပါက တစ်နိုင်ငံလုံးအနေဖြင့် သကြားတန်ချိန် ၅ သိန်းခန့် ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ကြံတန်ချိန် တစ်သိန်းခန့် ပိုမို ထုတ်လုပ်နိုင်ပြီး နိုင်ငံခြားသို့လည်း တင်ပို့လျက်ရှိသည်။

ယခုနှစ် ပြည်တွင်းသကြား သုံးစွဲမှု မြင့်မားလာခြင်းနှင့်အတူ ပြည်ပတင်ပို့မှုများ ရှိနေခြင်းကြောင့် ပြည်တွင်းသကြားဈေးသည် ကမ္ဘာ့သကြားဈေးထက် မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့သကြား ဈေးကျဆင်းမှု ရှိနေသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်မားနေသဖြင့် ပြည်တွင်းသကြားဈေးမှာ ယခုလို မြင့်တက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြံနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ် ကြံရာသီအပြီးတွင် သကြားတန်ချိန် ၅ သိန်းကျော် ထွက်ရှိနိုင်ပြီး ပြည်တွင်းသုံးစွဲမှုမှာလည်း တန်ချိန် ၄ သိန်းခန့် ရှိကာ ပြည်ပသို့ တန်ချိန် တစ်သိန်း ဝန်းကျင်ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/23/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%88%e1%80%b1%e1%80%b8-%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 32分钟前
下一篇 6分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....