သင်္ကြန်အပြီး ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေ

သင်္ကြန်အပြီး ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေ

သင်္ကြန်အပြီး ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေ

သင်္ကြန်ပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးမှာလည်း ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဧပြီ ၁၉ ရက် ရွှေဈေး အဖွင့်မှာ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၂၃၈၁ ဒေါ်လာ ပေါက်ဈေး ရှိနေပြီး ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား ပြင်ပပေါက်ဈေးမှာ ငွေကျပ် ၄၈၂၀၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင် မြင့်တက်နေဆဲ ဖြစ်သည်။

ဧပြီ ၁၉ ရက်တွင် အခေါက် ရွှေတစ်ကျပ်သား ပြင်ပရောင်းဈေး ၄၈၂၀၀၀၀၊ ပြင်ပဝယ်ဈေး ၄၇၈၀၀၀၀၊ ၁၅ ပဲရည် တစ်ကျပ်သား ပြင်ပရောင်းဈေး ၄၆၂၀၀၀၀၊ ပြင်ပဝယ်ဈေး ၄၅၅၈၀၀၀၀ ပေါက်ဈေးအထိ ဆက်လက် မြင့်တက်နေသည်။

ပြင်ပပေါက်ဈေးများအနေဖြင့် ဧပြီ ၁၉ ရက်တွင် အမေရိကန်ဒေါ်လာ ရောင်းဈေး ၃၈၉၀ ကျပ်၊ ဝယ်ဈေး ၃၈၃၀ ကျပ်၊ ယူရို ရောင်းဈေး ၄၁၈၈ ကျပ်၊ ဝယ်ဈေး ၄၁၀၂ ကျပ်၊ ထိုင်းဘတ် ရောင်းဈေး ၁၀၄ ဒသမ ၇၁ ကျပ်၊ ဝယ်ဈေး ၁၀၂ ဒသမ ၅၆ ကျပ်၊ တရုတ်ယွမ် ရောင်းဈေး ၅၂၀ ကျပ်၊ ဝယ်ဈေး ၅၁၀ ကျပ်၊ အိန္ဒိယ ရူပီး ရောင်းဈေး ၄၆ ဒသမ ၁၃ ကျပ်၊ ဝယ်ဈေး ၄၅ ဒသမ ၁၈ ကျပ် အသီးသီးပေါက်ဈေး မြင့်တက်လာသည်။

မတ် ၁၆ ရက်မှ ဧပြီ ၁၉ ရက်အထိ တစ်လအတွင်း ပြည် တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၇ သိန်း နီးပါး မြင့်တက်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၀၀ ကျော် ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/23/%e1%80%9e%e1%80%84%e1%80%ba%e1%80%b9%e1%80%80%e1%80%bc%e1%80%94%e1%80%ba%e1%80%a1%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 23, 2024 10:07 上午
下一篇 6小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....