တရုတ်၊ ထိုင်း နယ်စပ်ဂိတ်များမှ ကုန်သွယ်မှု မပြုလုပ်နိုင်ခြင်းကြောင့် ပြောင်းဈေးကွက် ကျဆင်းနေ
တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်ဂိတ်များမှာ ကုန်သွယ်မှု မပြုလုပ်နိုင်ခြင်းကြောင့် ပြည်တွင်း ပြောင်းဈေးကွက် ကျဆင်းနေကြောင်း ပြောင်းကုန်သည်များထံ က သိရသည်။
“ပြောင်းဈေးက တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ရေရှည်မှာ ဆက်လက်ပြီး ဈေးကျဆင်းလိမ့်ဦးမယ်။ လက်ရှိ တရုတ် တင်ပို့မှုလည်း မရှိသလို ထိုင်းနိုင်ငံသို့လည်း တင်ပို့နိုင်မှုအခြေအနေက ကြာမြင့်နိုင်တယ်။ ပင်လယ်ရေကြောင်းကလည်း တင်ပို့မှုလျော့နည်းလို့ လက်ရှိမှာ ပြောင်းဈေးကွက်ကျဆင်းနေပါတယ်”ဟု ပြောင်းကုန်သည်တစ်ဦး က ပြောသည်။
တရုတ်နယ်စပ်ဂိတ်မှာလည်း တာလော့ဂိတ် တစ်ဂိတ်သာ တင်ပို့နိုင်ပြီး ကျန်နယ်စပ်ဂိတ်များမှာ တင်ပို့နိုင်ခြင်း မရှိတော့ခြင်းကြောင့် ပို့ကုန်အများစု ဈေးကျဆင်းနေခြင်းလည်း ဖြစ်သည်။
လက်ရှိရန်ကုန်ပြောင်းဈေးကွက်မှာ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁၀၄၀-၁၀၆၀ ကြား ပေါက်ဈေးရှိနေပြီး မန္တလေးနှင့် နယ်ပြောင်းဈေးကွက်မှာ ယင်းဈေးအောက် ကျဆင်းနေခြင်း ဖြစ်သည်။
ပြည်တွင်းတောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်အားခ၊ စက်သုံးဆီဈေးများ မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးစရိတ်မြင့်မားနေပြီး ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ အထက် ရရှိမှသာ စိုက်ပျိုးစရိတ် ကြေရုံသာရှိပြီး ယင်းပေါက်ဈေးထက် လျော့ကျပါက တောင်သူများ ဆုံးရှုံးနိုင်ကြောင်း သိရသည်။
ရွှေနွယ်ကြိုး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%81%8a-%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba/