မိုးသက်လေပြင်းကြောင့် မုံရွာမြို့နေရာအနှံ့ သစ်ပင်လဲ၊ကိုင်းများကျိုးကျ
မုံရွာမြို့တွင် မေလ ၁ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ခဲ့ရာ နေရာအနှံ့ သစ်ပင်ကြီးများ လဲကျခြင်း၊ ကိုင်းကျိုးကျခြင်းများရှိခဲ့ကြောင်း သိရသည်။
“မုံရွာမြို့အနှံ့ သစ်ပင်ကြီးတွေ သစ်ပင်သေးတွေလဲတာလဲ၊ ကိုင်းကျိုးတာကျိုးတယ်။ ကျောက်ကာလမ်းက အပင်ကြီးအများစု လဲတဲ့ဟာလဲ၊ ကိုင်းကျိုးတဲ့ဟာကျိုးမို့ မုံရွာကနေ ကျောက်ကာရွာအထိ လမ်းပိတ်သွားတယ်” ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့၊ လယ်တီကျောင်းတိုက်အတွင်းရှိ ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့ရာ မနောရမ္မစင်္ကြန်ကျောင်းရှေ့ရှိ သက်တမ်းနှစ်တစ်ရာကျော် ကုက္ကိုပင်ကြီး၏ အကိုင်းများ ကျိုးပဲ့ခဲ့သည်။ ကိုင်းကြီးများ ကျိုးကျမှုကြောင့် မနောရမ္မစင်္ကြန်ကျောင်းရှေ့ပိုင်းတခြမ်းနှင့် ဂေါပကအဆောက်အဦး ပျက်စီးသွားကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/07/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%80%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7-%e1%80%99/