မြန်မာမီဒီယာအဖွဲ့ ပေကျင်းနှင့် ယူနန်သို့ တစ်ပတ်ကြာ သွားရောက်လေ့လာ

မြန်မာမီဒီယာအဖွဲ့ ပေကျင်းနှင့် ယူနန်သို့ တစ်ပတ်ကြာ သွားရောက်လေ့လာ

မြန်မာမီဒီယာအဖွဲ့ ပေကျင်းနှင့် ယူနန်သို့ တစ်ပတ်ကြာ သွားရောက်လေ့လာ

မြန်မာမီဒီယာကိုယ်စားလှယ် ၁၀ ဦးပါဝင်သော အဖွဲသည့် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်က တရုတ်နိုင်ငံ ပေကျင်းနှင့် ယူနန်သို့ ရောက်လေ့လာခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှကြီးမှူးပြီး တရုတ်နိုင်ငံခြားဘာသာ ထုတ်ဝေဖြန့်ချိရေး လုပ်ငန်းဌာန တရုတ်နိုင်ငံတကာပြန်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာမှ တာဝန်ခံစီစဉ်သော ဧပြီလ ၂၂ ရက် နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသည့် ၂၀၂၄ တရုတ်-မြန်မာ New Media Workshop သို့ တက်ရောက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့တွင် MRTV၊ The Global New Light of Myanmar ၊ မြဝတီ ၊ Skynet ၊ Vidya ၊ စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ ရွှေဇာမဏီ၊ MI Radio စသည့်မီဒီယာ ၉ ခုမှပါဝင်ပြီး မီဒီယာပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်သင်ယူမှုစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပေကျင်းနှင့် ယူနန်တို့တွင် တစ်ပတ်ကြာ သွားရောက်လေ့လာခဲ့ကြခြင်းဖြစ်သည်။

မြန်မာမီဒီယာအဖွဲ့ ပေကျင်းနှင့် ယူနန်သို့ တစ်ပတ်ကြာ သွားရောက်လေ့လာ မြန်မာမီဒီယာအဖွဲ့ ပေကျင်းနှင့် ယူနန်သို့ တစ်ပတ်ကြာ သွားရောက်လေ့လာ

ပေကျင်းမြို့သို့ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာမီဒီယာအဖွဲ့သည် China Review Studio ၌ မှတ်တမ်းဓာတ်ပုံများဖြင့် နိုင်ငံတကာထုတ်လွင့်ပြသမှု ဖော်ဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ China Daily သတင်းဌာနတွင် “See What Xi Sees”၊ “Breeze from Eurasia” ၊ “Let me see your World” စသည့် စီးရီးဗီဒီယိုများ စီစဉ်ရေးဆွဲခြင်းနှင့် Vlog ရိုက်ကူးထုတ်လုပ်သည့် အတွေ့အကြုံများအကြောင်း လေ့လာခဲ့သည်။

ထို့နောက် Kwai ကုမ္ပဏီသို့သွားရောက်ကာ လိုက်(ဖ်)လွှင့်သည့် စတူဒီယိုအခန်း၌ “လိုက်(ဖ်)လွှင့်စျေးရောင်းခြင်း” ၏ နောက်ကွယ်အလုပ်များအကြောင်း မှတ်သားခဲ့ကြသည်။ ထို့အပြင် Tencent ကုမ္ပဏီ ပေကျင်းဌာနချုပ်သို့ သွားရောက်ပြီး Tencent ကုမ္ပဏီ၏ မိုဘိုင်းအင်တာနက်၊ Cloud Computing ၊ Big Data နှင့် AI စသည့် ကဏ္ဍများတွင် အဓိကနည်းပညာဆိုင်ရာအားသာချက်များကို လေ့လာသင်ယူခဲ့ကြသည်။

မြန်မာမီဒီယာအဖွဲ့သည် တရုတ်နိုင်ငံ ဆက်သွယ်ရေးတက္ကသိုလ် မီဒီယာပေါင်းစပ်မှုနှင့် ဆက်ဆံရေး အမျိုးသားအဓိက စမ်းသပ်ခန်း (State Key Laboratory of Media Convergence and Communication) သို့သွားရောက်ကာ မီဒီယာပြတိုက်ကို လေ့လာကြည့်ရှုခဲ့ပြီး “တရုတ် New Media ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ် စမတ်နည်းပညာတို့ကို ရှေ့ပြေးအသုံးပြုမှု” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားမှုကို နားဆင်ခဲ့ခြင်းဖြင့် AI နည်းပညာဖြင့် ပြုလုပ်ထားသော ဒစ်ဂျစ်တယ် virtual လူသား စသည့်ထုတ်ကုန်ရလဒ်များအကြောင်း လေ့လာခဲ့ကြသည်။ မီဒီယာအဖွဲ့သည် cctv.com AI တည်းဖြတ်မှုဌာနသို့လည်း သွားရောက်လေ့လာ၍ China Media Group သည် “Cloud၊ Digital၊ Smart” နေရာချထားမှုဖြင့် ဖွဲ့စည်းထားသည့် မီဒီယာထုတ်ကုန်ဝန်ဆောင်မှုနှင့် ပြန်ကြားရေးစနစ်အကြောင်း လေ့လာကြည့်ရှုခဲ့ကြသည်။

ယူနန်ပြည်နယ်သို့ရောက်ရှိနေစဉ်အတွင်း မြန်မာမီဒီယာအဖွဲ့သည် Yunnan Daily မီဒီယာညွှန်ကြားစီမံရေးစင်တာသို့ သွားရောက်၍ Yunnan Daily ပေါင်းစည်းမီဒီယာ (Convergence Media) ပလက်ဖောင်းဖြစ်သည့် “Yun News” အက်ပလီကေးရှင်းတွင် အထူးဖွဲ့စည်းထားသည့် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာချန်နယ် စသည့် နိုင်ငံတကာပြန်ကြားရေးလမ်းကြောင်းသစ်အကြောင်း လေ့လာခဲ့ပါသည်။

ယူနန်တက္ကသိုလ် သတင်းအတတ်ပညာကျောင်းသို့ သွားရောက်လည်ပတ်လေ့လာစဥ်အတွင်း နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ သတင်းပညာကျွမ်းကျင်လူတော်လူချွန်များ ပူးတွဲပျိုးထောင်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း မြန်မာမီဒီယာအဖွဲ့က ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာ အနုပညာဒီဇိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး “လက်ရာစုံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု” အကြီးစားလက်တွေ့ ပါဝင်ခံစားသည့် အနုပညာလက်ရာအား စုပေါင်းဖန်တီးမှုတွင်ပါဝင်ခဲ့ကြသည်။

ဧပြီလ ၂၇ ရက်နေ့တွင်ကျင်းပသည့် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ အရပ်ဘက်ချစ်ကြည်ရေးအကြောင်းအရာ ဆွေးနွေးပွဲ “တရုတ်-မြန်မာပေါက်ဖော် မင်္ဂလာစကားမိတ်ဆက်” အစီအစဉ်တွင်လည်း တရုတ်ကိုယ်စားလှယ်နှင့်အတူ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်အကြောင်း အတူဆွေးနွေးခဲ့ပါသည်။
မီဒီယာကိုယ်စားလှယ်များ‌က ယခုအကြိမ် workshop သည် မြန်မာ New Media ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု၍ မြန်မာမီဒီယာများ၏ ပြည်တွင်းပြည်ပ ပြန်ကြားရေးစွမ်းရည်ကို မြှင့်တင်ရန် အကျိုးရှိကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှု ပေါင်းကူးတံတားအဖြစ်ထမ်းဆောင်ကာ မြန်မာပြည်သူများထံ အပြုသဘောဆောင်၍ စစ်မှန်သော တရုတ်နိုင်ငံအကြောင်း တင်ဆက်သွားလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/07/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%99%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ac%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7-%e1%80%95%e1%80%b1%e1%80%80%e1%80%bb%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....