ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်

ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်

ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တစ်ရာသီလျှင် ကျပ် ၁၀ သိန်းကျော် ဝင်ကြောင်းသိရသည်။

ကသာဒေသတွင် မတ်လမှစ၍ ပိုးဇာသီးလှိုင်လှိုင်ပေါ်ရာ နို့ဆီဗူး (၂)ဗူးလျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချကြပြီး စိုက်ပျိုးသူများအနေဖြင့် ပိုးဇာသီးတစ်ရက် ရောင်းရငွေမှာ ကျပ်လေးသောင်းမှ ငါးသောင်းအတွင်း ရရှိကြောင်းသိရသည်။

ပိုးဇာသီးပင်သက်တမ်းသည် (၅)နှစ်ရှိပြီး စတင်စိုက်ပျိုးချိန်မှ (၂)နှစ်ခန့်အကြာတွင် အသီးစတင်သီးကာ နှစ်စဥ်ဖေဖော်ဝါရီလဆန်းတွင် အရွက်နု၊ အညွန့်များ စထွက်ပြီး အသီးလိုက်လာကာ ဖေဖော်ဝါရီလကုန်ပိုင်းမှ ဧပြီလကုန်ပိုင်းအထိ သီးလေ့ရှိသည်။

ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ် ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်

“အသီးကုန်သွားရင် အပင်ကိုင်းတွေ အကုန်ခုတ်ပစ်ရပြီး ခုတ်ထားတဲ့ ကိုင်းရင်းတွေကို ပြန်စိုက်လို့ရတယ်။ စိုက်ရင် မြေဆွေး၊ မြေဩဇာထည့်စိုက်ပျိုးရပြီး ရေကြိုက်ပင်ဖြစ်တဲ့အတွက် ရေပုံမှန်လောင်းပေးရတယ်” ဟု ပိုးဇာပင်စိုက်ထားသူကပြောသည်။

ပိုးဇာသီးမှည့်၍ ဆွတ်ခူးရောင်းချလျှင် ပေါ်စက နို့ဆီဗူး (၁)ဗူးလျှင် ကျပ်(၅၀၀)ရောင်းရပြီး ဖောက်သည်ဈေးအနေဖြင့် တစ်ပြည်လျှင် (၃၀၀၀)ကျပ်ရောင်းချရသည်။

ပိုးဇာသီးကို အသီးအတိုင်း စားကြသကဲ့သို့ ဖျော်ရည်ဖျော်သောက်သုံးမှုများပြီး ပိုဇာသီးဖျော်ရည်သည် သွေးကြောများကို သန့်ရှင်းစေပြီး နှလုံးသွေးကြောကျဉ်းခြင်းကို အထူးကောင်းမွန်စေသဖြင့် သဘာဝဓာတ်စာအဖြစ် စားသုံးလေ့ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/02/%e1%80%80%e1%80%9e%e1%80%ac%e1%80%92%e1%80%b1%e1%80%9e%e1%80%91%e1%80%bd%e1%80%80%e1%80%ba-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%87%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 10小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....