ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁.၃၉၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁.၃၉၇ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ ၁၈၀၀ အချိန်က သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ စိုင်းထွန်းလှ မောင်းနှင်ပြီး အိုက်ရီ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၁၂.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၃၉၇ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုင်းထွန်းလှ(၂၆)နှစ် နှင့် အိုက်ရီ(၄၈)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/07/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%80%e1%80%bd%e1%80%94%e1%80%ba%e1%80%9f%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99/