ကန့်ဘလူခရိုင် သရက်နှင့်နဂါးမောက်သီးနှံ ဧက ၁၃၀၀ ကျော် GAP လက်မှတ်ရရှိ

ကန့်ဘလူခရိုင် သရက်နှင့်နဂါးမောက်သီးနှံ ဧက ၁၃၀၀ ကျော် GAP လက်မှတ်ရရှိ

ကန့်ဘလူခရိုင် သရက်နှင့်နဂါးမောက်သီးနှံ ဧက ၁၃၀၀ ကျော် GAP လက်မှတ်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း GAP နည်းစနစ်ဖြင့် စိုက်ပျိုးထားသော သရက်နှင့် နဂါးမောက်သီးနှံ ဧက ၁၃၀၀ ကျော်ကို GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ရှိ တောင်သူ ၂၂ ဦး၏ သရက် ၁၃၄၁ ဒသမ ၀၉ ဧက နှင့် နဂါးမောက် ၈ ဒသမ ၇၉ ဧက စုစုပေါင်း ၁၃၄၉ ဒသမ ၈၈ ဧကအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူခရိုင် သရက်နှင့်နဂါးမောက်သီးနှံ ဧက ၁၃၀၀ ကျော် GAP လက်မှတ်ရရှိ ကန့်ဘလူခရိုင် သရက်နှင့်နဂါးမောက်သီးနှံ ဧက ၁၃၀၀ ကျော် GAP လက်မှတ်ရရှိ

“ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝတဲ့ အစားအစာထုတ်လုပ်နိုင်ဖို့၊ လုပ်ငန်းခွင်ကွင်းဆက်တစ်လျှောက်လုံးမှာ စိုက်ပျိုးထုတ်လုပ်သူ အပါအဝင် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ GAP စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်မာမာဝင်း က ပြောသည်။

GAP အသိအမှတ်ပြုလက်မှတ်များကို မေ ၃ ရက် နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အမှာစကားပြောကြားပြီး ခရိုင်တာဝန်ခံ ဒေါ်မာမာဝင်းက သရက်နှင့် နဂါးမောက်သီးနှံ GAP အသိအမှတ်ပြုလက်မှတ် ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/07/%e1%80%80%e1%80%94%e1%80%ba%e1%80%b7%e1%80%98%e1%80%9c%e1%80%b0%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba-%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....