ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲများ အရောင်းအဝယ်ကောင်းနေ

ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲများ အရောင်းအဝယ်ကောင်းနေ

ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲများ အရောင်းအဝယ်ကောင်းနေ

ယခုနှစ်ပဲရာသီတွင် မန္တလေး ပဲဈေးကွက်အတွင်း၌ မြေထောက်ပဲများ ပြည်ပအိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ် ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များ ထံမှ သိရသည်။

အဆိုပါ မြေထောက်ပဲကို လက်ရှိအချိန်တွင် မန္တလေး ဈေးကွက်အတွင်းသို့ ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ ရွှေကူ၊ ကလေး၊ ကလေး၀၊ ဂန့်ဂေါ စသည့် ဒေသတို့မှ ထွက်ရှိဝင်ရောက်လာကြောင်း၊ ပြီးခဲ့သည့် နှစ်ကာလတူက မြေထောက်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀ ဈေးဖြင့် အဖွင့်ဈေး စခဲ့သော်လည်း၊ ယခုနှစ်တွင် အရောင်းအဝယ်များ သွက်လက် ကောင်းမွန်ကာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက်နေ ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

“ဈေးကွက်အတွင်းမှာ မြေထောက်ပဲတွေ လှိုင်လှိုင်ဝင်ရောက် နေပြီး အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယ နိုင်ငံတွေက ဝယ်ယူနေတာကြောင့် ဈေးနှုန်းတွေ မြင့်တက် နေတာပါ။ ဒီနှစ်က အထွက်နှုန်းလည်းကောင်း၊ ဈေးကောင်းလည်းရရှိနေတာကြောင့် ဘက်စုံကနေ အခြေနေကောင်းများနဲ့ မြေထောက်ပဲစိုက်တောင်သူတွေ အဆင်ပြေနေကြပါတယ်။ ဒီအချိန် မြေထောက်ပဲက လှိုင်လှိုင်ပေါ်တဲ့ရာသီပါ။ နှစ်စဉ် မြေထောက်ပဲကို ဥရောပနိုင်ငံ၊ အရှေ့ အလယ်ပိုင်းနိုင်ငံတွေကနေ ဝယ်ယူမှုတွေကို တွေ့ရပါတယ်။ ဝယ်ယူတဲ့ ဖောက်သည်တွေလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာတဲ့အတွက် ဈေးကောင်းများ ရရှိနေပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ မြေထောက်ပဲကို ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးထွက်ရှိကြောင်း၊ ယင်းသီးနှံသည် ပူပြင်းသည့်ရာသီနှင့် မိုးများသော ရာသီများကို မကြိုက်၍ နေရာဒေသမရွေး စိုက်ပျိုး၍ မရနိုင်ကြောင်း၊ ထိုသီးနှံကို ဧရာ၀တီ မြစ်ဝှမ်းတစ်လျှောက်ရှိ ထီးချိုင့်၊ ကသာ၊ ဗန်းမော်၊ ရွှေကူနယ်များနှင့် ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ရှိ ကလေး၊ ကလေး၀၊ ဂန့်ဂေါ ဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းထွက်ရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/18/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8f-%e1%80%9d%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2024 9:59 上午
下一篇 16分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....