ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့ အကျဉ်းထောင်မှ နေရာပြောင်းရွှေ့
မြန်မာ့ရိုးရာ နှစ်သစ်ကူးကာလတွင် ဖမ်းဆီးထားသည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်အတူ နေပြည်တော် အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ငူထောင်၌ ဖမ်းဆီးထားသည့် သမ္မတဟောာင်း ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှ နေရာပြောင်းရွှေ့လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
လတ်တလော ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေခြင်းကြောင့် ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများ၊ အသက်ကြီးနေသည့်အကျဉ်းသားများအား အပူဒဏ်သက်သာစေရန် ဆောင်ရွက်ပေးနေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားထားသည်။
“အကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေးအရလိုအပ်တဲ့အကျဉ်းသားများ၊ အသက်ကြီးနေတဲ့အကျဉ်းသားများနဲ့ပတ်သတ်ပြီး အပူဒဏ်သက်သာစေရေးအတွက် နည်းလမ်းများနဲ့ ရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်။” ဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။
အဆိုပါသတင်းများထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား နေအိမ်အကျယ်ချုပ်ဖြင့် ရွေ့ပြောင်းခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက်တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးကြောင်းသိရသည်။
ကောင်းကောင်း
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/18/%e1%80%92%e1%80%b1%e1%80%ab%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%af%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%be%e1%80%84-2/