မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားလာသူများဖြင့် စည်ကား
မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်အကြို့နေ့က စတင်ကာ နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ နေ့စဉ် ရေကစားလာသူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။
“သူငယ်ချင်းတွေနဲ့လာကြတာပါ။ မုံရွာမြို့ထဲမှာတော့ ရေပက်ကစားတာ မရှိဘူး။ မရှိလို့ ကန်သာယာကို သူငယ်ချင်းတွေနဲ့ စုလာကြတာပါ။ ပျော်စရာကြီးပါ။ လုံခြုံရေးသတိနဲ့တော့ လာရတာပေါ့” ဟု သင်္ကြန်ပွဲလာနွှဲသူ အမျိုးသမီးငယ်တစ်ဦးကပြောသည်။
မုံရွာမြို့ကန်သာယာတွင် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်ပွဲတော် အကျနေ့ နံနက်ပိုင်းက ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်အဆိုတော် ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူတို့အပါအဝင် အကယ်ဒမီရွှေကြိုလေးများက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
မုံရွာမြို့ကန်သာယာရှိ အခြားသောရေကစား မဏ္ဍပ်၄ ခုတွင်လည်း ယိမ်းအကဖျော်ဖြေကြသူများ၊ ရေကစားလာသူများဖြင့် စည်ကားလျက်ရှိပြီး သင်္ကြန်ပွဲတော်လာ ဧည့်ပရိသတ်များအား နေ့စဉ် နံနက်နှင့်ညနေတို့တွင် သင်္ကြန်အစားအစာများ၊ ထမင်းနှင့်ဟင်းမျိုးစုံတို့ဖြင့် စတုဒိသာကျွေးခြင်းများဖြင့် ကုသိုလ်ပြုလျက်ရှိကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/18/16948/