မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် နေ့စဉ် အနုပညာရှင်များက ပါဝင်ဖျော်ဖြေတင်ဆက်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ လမ်း ၇၁ နှင့် ၇၂ လမ်းကြား၊ မန္တလေးမြို့တော်စည်ပင်သာယာရေးရုံးဝန်းအတွင်းရှိ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်အကြိုနေ့ကစတင်ကာ နေ့စဉ်အနုပညာရှင်များက ပါဝင်ဖျော်ဖြေတင်ဆက်နေကြကြောင်း သိရသည်။
မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်အကြိုနေ့က ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ “မင်္ဂလာစည်တော်”အဖွဲ့မှ အောင်စည်တော်သီချင်းဖြင့် သီဆိုပေးပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းစည်ပင်သာယာရေးရာဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့မှ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့မငွေငန်းအလှပြကားဖြင့် ကပြဖျော်ဖြေပေးခြင်း၊ ယိမ်းသမလေးများမှ ကပြဖျော်ဖြေပေးကြခြင်းများ၊ ပြည်တွင်းပြည်ပ အနုပညာရှင်များက သီချင်းများဖြင့် သီဆို၍ ဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုကျားကြီး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/18/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b1%e1%80%ac%e1%80%ba-%e1%80%99%e1%80%9f%e1%80%ac%e1%80%9e%e1%80%84%e1%80%ba/