ယူနန်ပြည်နယ် လုံချွမ်းခရိုင်ရောက် မြန်မာဝန်ထမ်းများ တရုတ်မုန့်လုပ်နည်းသင်ယူခဲ့ကြ

Summary : ယူနန်ပြည်နယ် လုံချွမ်းခရိုင်သို့ ရောက်ရှိနေသော မြန်မာဝန်ထမ်းများသည် တက်ဟုန်းကျိန့်ရှင့် စက်မှုလုပ်ငန်းကုမ္ပဏီ၌ တရုတ်မုန့်လုပ်နည်းများကို ဇွန်လ ၁၉ ရက်နေ့က လေ့လာသင်ယူခဲ့ကြောင်း တက်ဟုန်းညီညွတ်ရေးသတင်းစာ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယူနန်ပြည်နယ် လုံချွမ်းခရိုင်ရောက် မြန်မာဝန်ထမ်းများ တရုတ်မုန့်လုပ်နည်းသင်ယူခဲ့ကြ

ယူနန်ပြည်နယ် လုံချွမ်းခရိုင်ရောက် မြန်မာဝန်ထမ်းများ တရုတ်မုန့်လုပ်နည်းသင်ယူခဲ့ကြ

ယူနန်ပြည်နယ် လုံချွမ်းခရိုင်သို့ ရောက်ရှိနေသော မြန်မာဝန်ထမ်းများသည် တက်ဟုန်းကျိန့်ရှင့် စက်မှုလုပ်ငန်းကုမ္ပဏီ၌ တရုတ်မုန့်လုပ်နည်းများကို ဇွန်လ ၁၉ ရက်နေ့က လေ့လာသင်ယူခဲ့ကြောင်း တက်ဟုန်းညီညွတ်ရေးသတင်းစာ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါလှုပ်ရှားမှုသည် မြန်မာဝန်ထမ်းများအတွက် တရုတ်ဟင်းလျာများ သိရှိနားလည်မှုကို မြှင့်တင်ရန်၊ တရုတ်ယဉ်ကျေးမှုကို မိတ်ဆက်ပေးရန်နှင့် ပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယူနန်ပြည်နယ် လုံချွမ်းခရိုင်ရောက် မြန်မာဝန်ထမ်းများ တရုတ်မုန့်လုပ်နည်းသင်ယူခဲ့ကြယူနန်ပြည်နယ် လုံချွမ်းခရိုင်ရောက် မြန်မာဝန်ထမ်းများ တရုတ်မုန့်လုပ်နည်းသင်ယူခဲ့ကြ

ပေါက်စီ၊ မိုးမခရွက်ပုံဖက်ထုပ်၊ ပေါက်စီကြော်စသည့် မုန့်စိမ်းလေး အစရှိသဖြင့် လက်ရာမြောက်သော မုန့်များစွာကို လက်တွေ့သင်ကြားပြသခဲ့ပြီး သင်တန်းသားများ၏ ဂရုတစိုက်လေ့လာခဲ့ခြင်းကြောင့် သင်တန်းသားမြန်မာဝန်ထမ်းများသည် အချိန်တိုအတွင်း မိမိကိုယ်တိုင် ဖန်တီးနိုင်ခဲ့ကြသည်ဟုဆိုသည်။

သင်တန်းသားတစ်ဦးဖြစ်သူ မသန်းသန်းဝင်းက “ဖက်ထုပ်ကို အရမ်းကြိုက်တယ်။ ဖက်ထုပ်ဟာ တရုတ်နိုင်ငံမှာ ပြန်လည်ဆုံဆည်းခြင်းကို ကိုယ်စားပြုပြီး တရုတ်ပြည်ရဲ့ ကိုယ်စားအဖြစ်ဆုံး အစာအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ဖက်ထုပ်လုပ်နည်းကို လေ့လာရတာက မိသားစုရဲ့နွေးထွေးမှုလိုပဲ ခံစားရပါတယ်။ ဒီလှုပ်ရှားမှုဟာ ကျွန်မတို့ကို တရုတ်နဲ့ ပိုနီးစပ်စေပြီး တရုတ်ယဉ်ကျေးမှုကို လေးလေးနက်နက် နားလည်နိုင်စေတယ်”ဟု ပြောသည်။

အဆိုပါလှုပ်ရှားမှုသို့ အချက်အပြုတ်ဝါသနာရှင် မြန်မာကိုယ်စားလှယ် ၄၀ ဦးတို့သည် ကိုယ်တိုင်လေ့လာ သင်ယူလုပ်ဆောင်ခဲ့ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့်လည်း အခြားသော မြန်မာဝန်ထမ်းများက မိုဘိုင်းလ်ဖုန်းဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြသုခ
ဓာတ်ပုံ – တက်ဟုန်းညီညွတ်ရေးသတင်းစာ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/28/%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%9c%e1%80%af%e1%80%b6%e1%80%81%e1%80%bb%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%81/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 22, 2022 5:34 下午
下一篇 6月 28, 2022 10:19 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....