စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုများရပ်တန့်ထားခြင်း၊ အကန့်အသတ် ဖြင့်ရောင်းချခြင်းများ ပြုလုပ်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များထုတ်ပြန်
စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုများရပ်တန့်ထားခြင်း၊ အကန့်အသတ် ဖြင့်ရောင်းချခြင်းများကို တွေ့ရှိပါက သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဖော်ပြပါဖုန်းနံပါတ် များသိုံ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
အချို့သောစက်သုံးဆီအရောင်းဆိုင်များသည် ရည်ရွယ်ချက်ရှိစွာ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီဈေးနှုန်းပြောင်းလဲမှု ရှိလာနိုင်မည်ဟုယူဆပြီး မိမိအကျိုးစီးပွားကိုမျှော်လင့်၍ စက်သုံးဆီပြတ်လပ်သည် (သို့မဟုတ်) စက်သုံးဆီလက်ကျန် နည်းပါးသည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းများ ဆောင်ရွက်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူ များစက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိစေရေး တင်သွင်းဖြန့်ဖြူးခြင်းများ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီများကို ဩဂုတ်လ၊ လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်ကြောင်း သိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/16/%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84/