အသစ်ဝင်မတ်ပဲနှင့်ပဲစင်းငုံဈေးအနည်းငယ်ကျဆင်း

အသစ်ဝင် မတ်ပဲနှင့် ပဲစင်းငုံ ဈေးအနည်းငယ် ကျဆင်းသော်လည်း အရောင်းအဝယ်သွက်နေ

အသစ်ဝင်မတ်ပဲနှင့်ပဲစင်းငုံဈေးအနည်းငယ်ကျဆင်း

ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံတို့မှာ ဈေးကွက်အတွင်း အသစ်ဝင် ရောက်လာပြီး ဈေးအနည်းငယ် ကျဆင်းနေသော်လည်း အရောင်းအဝယ် ခပ်သွက်သွက်ရှိနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။

“မတ်ပဲအသစ်တွေ အများဆုံး ဝင်ရောက်လာပါတယ်။ တစ်အိတ် ၁၆၀၀၀၀-၁၆၃၀၀၀ ငွေကျပ် ပေါက်ဈေး ရှိပါတယ်။ ဒုတိယအများဆုံးက ပဲစင်းငုံ ဖြစ်ပါတယ်။ တစ်ရက်ကို အိတ် ၁၀၀၀ ကျော် ဝင်ရောက်နေပါတယ်။ ပေါက်ဈေးတစ်အိတ်ကို  ငွေကျပ် ၁၆၀၀၀၀ ကျော်နဲ့ အဝယ်သွက်သွက်လက်လက် ရှိနေပါတယ်။ ဒေါ်လာငွေဈေး တည်ငြိမ်နေလို့ ခပ်ထိန်းထိန်းဝယ်ယူနေကြပါတယ်။ ကျန်တဲ့ပဲတွေကတော့ နည်းနည်းပါးပါးပဲ ဝင်နေသေးတယ်။” ဟု ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင် ကပြောသည်။

အသစ်ဝင်မတ်ပဲနှင့်ပဲစင်းငုံဈေးအနည်းငယ်ကျဆင်း

ပဲမျိုးစုံဈေးကွက်တွင် ပဲ၊ နှမ်း နယ်စပ်တင်ပို့ မှုအတွက် ပို့ကုန်လိုင်စင်လျှောက်ထားပြီး တင်ပို့နေရကြောင်း၊ လက်ရှိကုန်သွယ်ရေးလမ်းကြောင်းမှာလည်း လုံခြုံရေးအရ စစ်ဆေးမှုတွေ တင်းကျပ်နေကြောင်း ပဲမျိုးစုံ နယ်စပ်တင်ပို့ရောင်းချမှုမှာ အားရစရာ မရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပဲမျိုးစုံ အသစ်ဈေးကွက်တွင် ဇန်နဝါရီလလယ်ခန့်၌ အဝင် စုံလာမည်ဖြစ်ပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စုသည် အသစ်၊ အဟောင်း  စပ်ကူးမက်ကူးကာလအတွင်း ဆက်လက် ဈေးကောင်းနေကာ နှမ်းမျိုးစုံနှင့် မြေပဲဆန်တို့မှာ ဈေးပုံမှန်သာရှိနေကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/08/%e1%80%a1%e1%80%9e%e1%80%85%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%99%e1%80%90%e1%80%ba%e1%80%95%e1%80%b2%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%b2%e1%80%85%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 8, 2023 6:54 上午
下一篇 1月 8, 2023 6:56 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....