အစေ့ကြားကြက်ဆူစိုက်ပျိုးရန်တောင်သူများစိတ်ဝင်စား

ဈေးကွက်အာမခံချက်ရှိလာခြင်းကြောင့် အစေ့ကြားကြက်ဆူ စိုက်ပျိုးရန် တောင်သူများ စိတ်ဝင်စားလာ

အစေ့ကြားကြက်ဆူစိုက်ပျိုးရန်တောင်သူများစိတ်ဝင်စား

အခြားသီးနှံများထက် စီးပွားရေး တွက်ခြေကိုက်ခြင်းကြောင့် အစေ့ကြား ကြက်ဆူ စိုက်ပျိုးရန် တောင်သူများ  စိတ်ဝင်စားလာကြောင်း စမ်းသပ်စိုက်ပျိုးသည့် တောင်သူများထံက သိရသည်။

ယင်း အစေ့ကြားကြက်ဆူမှာ ယခင် စိုက်ပျိုးခဲ့သော ခြံစည်းရိုးကြက်ဆူနှင့် လုံး၀မတူဘဲ အထွက်နှုန်းမြင့်   Hybrid မျိုးဖြစ်သည်။ တစ်ဧကလျှင် အနည်းဆုံး တင်း ၆၀ ထွက်ရှိပြီး သွင်းအားစုနှင့် ပြုစုမှုကောင်းပါက တစ်ဧကလျှင် တင်း ၈၀ မှ ၁၀၀အထိ ထွက် ရှိနိုင်ကြောင်း၊ တစ်ဧကလျှင် အကျိုးအမြတ် ငွေကျပ် ၂၄ သိန်းမှ သိန်း ၃၀အထိ ရရှိနိုင်ကြောင်း Greenserve Agri Business Co. Ltd., မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမင်းထွန်း ကပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှာ ကြက်ဆူ ဧက ၅၀၀ မှ ၁၀၀၀ ကြား စမ်းသပ် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တောင်သူတွေကို စိုက်ပျိုးလိုသလောက် မျိုးစေ့ ထောက်ပံ့ပေးပြီး ကြက်ဆူအသီး ရရှိချိန်တွင်လည်း ဈေးကွက်ပေါက် ဈေးအတိုင်း ဝယ်ယူဖို့ စာချုပ် ချုပ်ဆိုပေးသွားမှာပါ။ ဈေးကွက်အာမခံချက်ရှိလာတော့ တောင်သူတွေ အစေ့ကြား ကြက်ဆူစိုက်ပျိုးဖို့ စိတ်ဝင်စားလာကြပါတယ်” ဟု ၎င်းက ပြောသည်။

အစေ့ကြားကြက်ဆူကို မိုးကောင်းသောက်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး အစိုဓာတ်ကောင်းစွာ ရရှိနိုင်ရန် မေလမှ အောက်တိုဘာလအထိ စိုက်ပျိုးနိုင်သည်။ ပင်ကြား၊ တန်းကြား၊ သုံးပေxနှစ်ပေမှ လေးပေxငါးပေ စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ ရေဓာတ်ကောင်းမွန်စွာ ရရှိရန်လိုအပ်သော်လည်း ပင်ခြေရေဝပ်ခြင်းကို မကြိုက်ပေ။ အပင်စိုက်ပျိုးသက်တမ်း ရက်ပေါင်း ၁၂၀မှ ၁၅၀ အထိ စိုက်ပျိုးရပြီး သွင်းအားစု သုံးစွဲမှုနှင့် အပင်ပြုစုမှု ကောင်းမွန်ပါက တင်း ၈၀ ခန့် အနည်းဆုံးထွက်ရှိပြီး လက်ရှိ တစ်တင်းလျှင် ငွေကျပ် သုံးသောင်းခန့် ပေါက်ဈေးရှိတာကြောင့် အခြား သီးနှံများထက် စီးပွားရေးတွက်ခြေကိုက်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%a1%e1%80%85%e1%80%b1%e1%80%b7%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%86%e1%80%b0%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....