(၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆုနှင့်တစ်သက်တာစာပေဆုရရှိသူများစာရင်း ထုတ်ပြန်

(၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆုနှင့်တစ်သက်တာစာပေဆုရရှိသူများစာရင်း ထုတ်ပြန်

(၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆုနှင့်တစ်သက်တာစာပေဆုရရှိသူများစာရင်း ထုတ်ပြန်

ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ (၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆု၊ တစ်သက်တာစာပေဆုရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဌေးသစ်လွင်(ပရိမ္မ)ရေးဖွဲ့သည့် “ခယောင်းလမ်းက ပန်းသစ္စာကဗျာများ”၊ ဒုတိယဆုကို ချစ်စုအောင်ရေးဖွဲ့သည့် “လမင်းနှစ်ကိုယ်ခွဲကဗျာများ”၊ တတိယဆုကို ခက်ဇော်(ကဗျာ)ရေးဖွဲ့သည့် “ပန်းသတင်းရနံ့သင်းပျံ့ဖြန့်ဝေ မြတ်နိုးစေကဗျာများ” စာမူတို့ကလည်းကောင်း၊ ဝတ္ထုရှည်ဆုတွင် ပထမဆုကို မောင်ငြိမ်းမွန်(ချောင်းဦး)ရေးသားသည့် “စပါးတစ်ပြည် ပတ္တမြားတစ်ခြည်”၊ ဒုတိယဆုကို ပုသိမ်အောင်သန်းဦးရေးသားသည့် “အရှေ့ကုန်းမြင့်ဆီက အာခါတို့၏ ဘူးသီးခြောက်ပုလွေသံ”၊ တတိယဆုကို ဘိုမျိုး(ရွှေဘို)ရေးသားသည့် “အမေနှင့် ကျွန်တော်၊ ကျွန်တော်နှင့် အမေ” စာမူတို့ကလည်းကောင်း၊ ဝတ္ထုတိုဆုတွင် ပထမဆုကိုစိုးမြင့် (စက်မှုတက္ကသိုလ်)ရေးသားသည့် “ရွှေသမင်တောလိုက်နှင့် အခြားထန်းဝတ္ထုတိုများစုစည်းမှု”၊ ဒုတိယဆုကို သက်နှင်းညိုရေးသားသည့် “ဒုတိယမြောက်ခရီးစဉ်နှင့် အခြားဝတ္ထုတိုများ”၊ တတိယဆုကို ကိုကေအီး(နိဗ္ဗာန်)ရေးသားသည့် “ရသအနှစ် ထုဆစ်ပုံဖော်တက္ကစီပေါ်မှ ကိုယ်တွေ့ဝတ္ထုတိုများ” စာမူတို့ကလည်းကောင်း၊ ကျမ်းစာပေဆုတွင် ပထမဆုကို မောင်မြကျော်ရေးသားသည့် “အခြေခံပညာသိကောင်းစရာ”၊ ဒုတိယဆုကို ကျော်သက်ခိုင် (မုံရွာ) ရေးသားသည့် “ဆန်းစစ်လေ့လာ မြန်မာစာပေကဗျာလင်္ကာ”၊ တတိယဆုကို သိဒ္ဓိမောင်ဒွေး ရေးသားသည့် “မြန်မာ့ရိုးရာ နာမကရဏမင်္ဂလာစာတမ်းနှင့် နည်းပညာများ” စာမူတို့ကလည်းကောင်း၊ သုတေသန စာပေဆုတွင် ပထမဆုကို တင်တော်ရေးသားသည့် “ခေတ်စနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှုများ”၊ ဒုတိယဆုကို ဒေါက်တာခင်စန်းရီရေးသားသည့် “မြန်မာ့ရိုးရာ ယဉ်ကျေးမှုတူရိယာများကို ပြုလုပ်ထားသော မြန်မာ့သယံဇာတ သစ်ပင်များ”၊ တတိယဆုကို မင်းသူရိန်(ထားဝယ်)ရေးသားသည့် “ထားဝယ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ” စာမူတို့ကလည်းကောင်း အသီးသီးရရှိကြသည်။

(၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆုနှင့်တစ်သက်တာစာပေဆုရရှိသူများစာရင်း ထုတ်ပြန်

(၂၉)ကြိမ်မြောက်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆုကို ဆရာမကြီး ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)နှင့် ဆရာမကြီးဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)တို့ရရှိသည်။

ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ ပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ မခိုင်သဇင်သိန်း ဒုတိယနှစ်(ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မမြတ်ရွှေစင်မှူး ဒုတိယနှစ်(ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန)တို့က ရရှိကြသည်။

(၂၉)ကြိမ်မြောက်အတွက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုကို MP Maung Myint ရေးသားသည့် “ ရောက်တတ်ရာရာစာစုများ”စာအုပ်၊ အောင်တိုး(စိန်ခြယ်)ရေးသားသည့် “တောပန်းတစ်ပွင့် ဒိုင်ယာရီ”စာအုပ်နှင့် ဦးမြင့်နိုင်ရေးသားသည့် “မြတ်ဗုဒ္ဓ၏ ဘဝလမ်းညွှန်” စာအုပ်တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာ ဆုကို ၁၀ သိန်း၊ ပခုက္ကူစာပေဆု ပထမဆုကို ခုနစ်သိန်း၊ ဒုတိယဆုကို ငါးသိန်းနှင့် တတိယဆုကို လေးသိန်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/11/%e1%81%82%e1%81%89%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%95%e1%80%81%e1%80%af%e1%80%80%e1%80%b9%e1%80%80%e1%80%b0%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 11, 2023 8:58 下午
下一篇 4月 13, 2023 4:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....