“ယုယုယယ တယုတယ” စာအုပ်မိတ်ဆက်ပွဲ မုံရွာမြို့တွင် ကျင်းပ
မုံရွာမြို့မှ စာရေးဆရာမ သီရိလင်းသစ် ၏ “ယုယုယယ တယုတယ” စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းက မုံရွာမြို့၊ ဒေါနခြံရပ်၊ ရေစင်ကြီးအနီးက သင်္ဂဟစားသောက်ဆိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
“ယုယုယယ တယုတယ” စာအုပ်မိတ်ဆက်ပွဲအစီအစဥ်များကို စာရေးဆရာ ထူးအောင်ဝင့် က တင်ဆက်ပြီး စာရေးဆရာမ သီရိလင်းသစ် က မေတ္တာစကားဖြင့် ဖွင့်လှစ်ကာ မုံရွာမြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်လွင် (မောင်စိန်လွင်-မင်းကင်း)၊ ဆရာဦးကျော်မိုးဝင်းသန့်နှင့် ဆရာမျိုးဝင်းထွန်း(မုံရွာ) တို့က မုဒိတာစကားများ ပြောကြားသည်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားအပြီးတွင် ဆရာမ သီရိလင်းသစ် က တက်ရောက်လာသူများကို “ယုယုယယ တယုတယ”စာအုပ်များ လက်မှတ်ရေးထိုးကာ အမှတ်တရလက်ဆောင်ပေးခဲ့သည်။
သီရိလင်းသစ်၏ “ယုယုယယ တယုတယ”ဝတ္ထုတိုများစာအုပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်မြို့၊ နဝဒေးစာပေက ပထမအကြိမ်အဖြစ် အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီး ရန်ကုန်မြို့၊ ကိုလတ်စာပေက ဖြန့်ချိပေးလျက်ရှိသည်။
အဆိုပါစာအုပ်တွင် စာရေးဆရာ ခြိမ့်သဲနှင့် စာရေးဆရာ မောင်ရင့်မာ(ကျောင်းကုန်း)၊ သီရိလင်းသစ် တို့ကအမှာစာရေးသားထားကြပြီး ရေခဲမြစ်တစ်စင်း၊ အတ္တမိုးတဲ့နှလုံးသား၊ ခပ်စိမ်းစိမ်းလမင်း၊ အချစ်သည်တစ်ခါတစ်ရံ၌ ထိုသို့ဖြစ်တတ်သည်၊ မမေ့ရက်စရာ၊ မပြတ်နိုင်သောကြိုးကလေး၊ နေရောင်ဖြင့်သာ လင်းပါသည်၊ အလံမရှိသောရထားတစ်စင်း၏ ဖြတ်သန်းခဲ့ရသော နေ့ရက်များအကြောင်း၊ တိမ်များဖြင့်ဖွဲ့သီ ချစ်ခြင်းဆီသို့၊ ခပ်ဖျော့ဖော့အလင်း၊ယုံကြည်၍ချစ်ခဲ့သည် ချစ်ခဲ့၍လည်းယုံကြည်သည်၊ တိမ်နှင့်တောင်နှောင်တဲ့ကြိုး ဘယ်သောအခါမှ မပြယ်တဲ့အချစ်မျိုး၊ ချစ်ခြင်းစေရာ နာခံလေသော၊ ယုယုယယ တယုတယ၊ သက်ဆုံးထိတိုင်အောင်၊ ရင်နှစ်သည်းချာ ဟူသောဝတ္ထုတို (၁၆)ပုဒ်ပါဝင်ကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%9a%e1%80%af%e1%80%9a%e1%80%af%e1%80%9a%e1%80%9a-%e1%80%90%e1%80%9a%e1%80%af%e1%80%90%e1%80%9a-%e1%80%85%e1%80%ac%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%ad%e1%80%90%e1%80%ba/