ပန်ဆောင်မြို့တွင်ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ နာဂရိုးရာကွင်းတွင် ဇန်နဝါရီလ၁၅ရက်နေ့က နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ကြောင်းသိရသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပန်ဆောင်ဒေသတွင်နေထိုင်ကြသော နာဂတိုင်းရင်းသားများဖြင့် ကျင်းပခြင်းဖြစ်ပြီး ရပ်နီးရပ်ဝေးမှ မျိုးဆက်သစ် နာဂတိုင်းရင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဥ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် အစဥ်အဆက် ထိန်းသိမ်းကာကွယ်စေရေးအတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ထံမှ သိရသည်။
နှစ်သစ်ကူးပွဲတော်တွင် အဖွင့်ဆုတောင်းပြီး ရိုးရာသီချင်းဖြင့် ဖွင့်လှစ်ကာ နာဂရိုးရာ စာပေနှင့်ယဥ်ကျေးမှု နာယက ဦးဇင်းဝမ် က နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းကို ပြောကြားသည်။
ဆက်လက်၍ နာဂရိုးရာတိုင်းရင်းသားများက ရိုးရာသီချင်းများဖြင့် ဖျော်ဖြေကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/18/%e1%80%95%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8/