ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းရှိနေမည်

Summary : အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း ထပ်တိုးပေးသဖြင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်း ဆက်လက် စျေးကောင်းနေမည်ဖြစ်ကြောင်း ပဲကုန်သည်များထံမှသိရသည်။

အိန္ဒိယက မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း ထပ်တိုးပေးသဖြင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းရှိနေမည်

ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းရှိနေမည်

အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း ထပ်တိုးပေးသဖြင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်း ဆက်လက် စျေးကောင်းနေမည်ဖြစ်ကြောင်း ပဲကုန်သည်များထံမှသိရသည်။

အိန္ဒိယအစိုးရ၊ စီးပွားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လကုန်အထိ (၁)နှစ်သက်တမ်း တိုးမြှင့်လိုက်ကြောင်း သိရသည်။

အိန္ဒိယက ၎င်းတို့၏ ပြည်တွင်းပဲဈေးနှုန်းကို ထိန်းထားလိုခြင်းကြောင့် ယခုကဲ့သို့ တင်သွင်းခွင့်ကာလ သက်တမ်းတိုးပေးလိုက်ခြင်းဖြစ်ပြီး ပဲတင်သွင်းသူများအနေဖြင့် ပမာဏအကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရားဝင်ထုတ်ပြန်စာကြောင့် ပြည်တွင်းဈေးကွက်အပေါ်  သက်ရောက်မှုရှိလာနိုင်ပြီး ပြည်တွင်းမတ်ပဲဈေး အနည်းငယ် ပြန်အေးနိုင်သော်လည်း နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေချိန်ဖြစ်ခြင်းကြောင့် အလွန်အမင်း ကျဆင်းမှုတော့ မဖြစ်နိုင်ပဲ ခေတ္တဈေးအေးမှုသာ ဖြစ်နိုင်ပြီး အမြင့်စျေးနှင့် ဆက်လက်တည်ရှိနေနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

“လတ်တလော အခြေအနေမှာ မြန်မာမတ်ပဲဈေး အနည်းငယ် ပြန်အေးနိုင်သော်လည်း ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးနဲ့ မြန်မာငွေကြေးတန်ဖိုးများအရ မတ်ပဲ(၁)တင်းပေါက်ဈေး ကျပ် ၅ သောင်းဝန်းကျင်မှာ ဆက်လက်စျေးကောင်းနေပါမယ်”ဟု မတ်ပဲကုန်သည် ဦးစိုးနိုင်ကပြောသည်။

အိန္ဒိယက လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို တိုးမြှင့်လိုက်သကဲ့သို့ တစ်ဖက်မှာလည်း ၅ နှစ်ဆက်တိုက် မြန်မာပြည်က မတ်ပဲတန်ချိန် ၂ သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် ၁ သိန်း ဝယ်ယူဖို့ နှစ်ဖက်အစိုးရကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ တန်ချိန် ၂ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံအထိ ရရှိခဲ့ပြီး အများစုကိုတော့ အဓိကဈေးကွက်ဖြစ်သည့် အိန္ဒိယကို ရောင်းချခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/05/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%b7%e1%80%85%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 4, 2022 8:47 上午
下一篇 4月 5, 2022 9:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....