စစ်ကိုင်းမြို့နံနက်ခင်း နှင့် အတိတ်ခြေရာများ စာအုပ်မိတ်ဆက်ပွဲကျင်းပ
ဆရာ ဦးကျော်မောင် ရေးသားထားသော စစ်ကိုင်းမြို့နံနက်ခင်း နှင့် အတိတ်ခြေရာများ စာအုပ်မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက စစ်ကိုင်းမြို့ မင်းလမ်းရပ်ရှိ ရွှေနှင်းဆီစာပေတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့ဖိမြို့ဖအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး စာရေးဆရာ နန္ဒမင်းလွင် နှင့် စာရေးဆရာ ရဲသျှမ်း တို့က မုဒိတာစကားများ ချီးမြှင့်ကြပြီးနောက် တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ဆရာ ဦးကျော်မောင် ၏ ကိုယ်စား ရွှေနှင်းဆီစာပေမှ ဒေါ်သီတာခိုင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားတွင် မန္တလေး၊ အင်းဝ၊ တံတားဦး၊ စစ်ကိုင်းမြို့မှ စာရေးဆရာများ၊ ကဗျာဆရာများနှင့် စာပေအသိုင်းဝိုင်းမှ စာပေချစ်မြတ်နိုးသူများ တက်ရောက်ချီးမြင့်ကြကြောင်း သိရသည်။
အညာသား (စစ်ကိုင်း)
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%b6%e1%80%94%e1%80%80%e1%80%ba%e1%80%81%e1%80%84%e1%80%ba/