ပြည်တွင်းသုံးပဲများ ပုံမှန်အရောင်းအဝယ်ဖြစ်

ပြည်တွင်းပဲဈေးကွက်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းပြီး ပြည်တွင်းသုံးပဲများ ပုံမှန်အရောင်းအဝယ်ဖြစ်

ပြည်တွင်းသုံးပဲများ ပုံမှန်အရောင်းအဝယ်ဖြစ်

သင်္ကြန်ကာလအပြီး ပဲမျိုးဈေးကွက် အရောင်းအဝယ်ပြန်သွက်နေရာမှ ပို့ကုန်ရငွေ အပေါ် ငွေသား ချက်ချင်းရောင်းချရမှုကြောင့် ပို့ကုန်သမားများ ပစ္စည်းတင်ပို့မှုမရှိသေးဘဲ စောင့်ကြည့်နေသဖြင့် ပြည်တွင်းပဲဈေးကွက်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းလာပြီး ပြည်တွင်းသုံးပဲများ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

သို့သော်လည်း စားအုန်းဆီတင်သွင်းမှုဂယက်ကြောင့် ဆီထွက်သီးနှံအချို့ဈေးကောင်းလာရာ မြေပဲဆံဈေးမှာ တစ်ပိသာ ကျပ် ၄၀၀၀ ကျော်ထိ ပေါက်ဈေးရှိလာသည်။ လာမည့် မေလအတွင်းမှာ နိုင်ငံခြားငွေဒေါ်လာဈေး သက်မှတ်ချက် အပြောင်းအလဲ မရှိလျှင် ဆက်လက် ဈေးအေးနိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ပဲမျိုးဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေတယ်။ ဈေးကွက်ကောင်းတာဆိုလို့ ဆီထွက်သီးနှံ အချို့ပဲ ဈေးကောင်းနေပါတယ်။ အဓိကတော့ စားဆီဈေးအရမ်းမြင့်တက်သွားတော့ မြေပဲဆံဈေးကတက်လာတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းတွေ ပို့ကုန်ပဲတွေ ဈေးခပ်အေးအေး ဖြစ်သွားတော့ ဈေးကျဆင်းမှု ရှိလာတယ်။ မြေထောက်ပဲဆို တစ်အိတ် ၁၆၈၀၀၀ ပေါက်ဈေးကနေ တစ်အိတ် ၁၆၀၀၀၀ လောက်ပဲ ပေါက်ဈေးရှိတော့တယ်။ ပဲစင်းငုံတစ်အိတ် ၁၃၀၀၀၀ ဈေး၊ မတ်ပဲ ၁၄၀၀၀၀ လောက်သာ ပေါက်ဈေးရှိတော့တယ်။ ဒေါ်လာ ကို ၁၈၅၀ ကို အခြေခံ ဈေးဖြစ်သွားတာကနေ ပို့ကုန်သမားတွေ စောင့်ကြည့်နေရာကနေ ပဲမျိုးစုံ ဈေးကွက်မှာ တစ်အိတ်ကျပ် ၁၀၀၀၀ ဝန်းကျင် ဈေးကျဆင်းသွားတယ်။ နှမ်းဈေးမှာလည်း ဈေးကွက်ပျောက်နေတယ်။ မြေပဲဆံကတော့  လုံးဆံမြေပဲက တစ်ပိသာ ကျပ် ၄၀၀၀ ကျော်သွားတယ်။ ပဲမျိုးစုံဈေးကွက်မှာ ပဲသစ်စပေါ်ကတည်းက တစ်လျှောက်လုံး ဈေးကောင်းလာတာဆိုရင် မြေပဲဆံ တစ်မျိုးတည်းပဲ ရှိပါတယ်။ လက်ရှိမှာ ဧရာဝတီမြစ်ရိုးတစ်လျှောက်  အနိမ့်ပိုင်းမြေပဲခင်းအချို့ မထင်မှတ်ဘဲ ရေတိုးခဲ့လို့ မြေပဲထွက်ရှိမှု မရှိတော့ဘူး။ အမြင့်ပိုင်း  မြေပဲသမားတွေ အတွက်တော့ ဈေးကောင်းရနေပါ တယ်။ ဧပြီလတစ်ခုလုံးအနေနဲ့ ကုလားပဲပုံမှန်ဈေးနဲ့ ငြိမ်နေတယ်။ ပို့ကုန်ပဲ အပါအဝင် ပဲမာလိုင်း အုပ်စုဈေးကျဆင်းနေပါတယ်။ စားအုန်းဆီဂယက်ကြောင့် မြေပဲဆံကတော့ ဈေးကောင်းနေဦးမယ်။ လက်ရှိ ပဲဈေးကွက်တစ်ခုလုံး အခြေအနေက  မေလအတွင်းမှာ ဈေးအေးနိုင်သေးတယ်” ဟု ၎င်းကသုံးသပ်ပြောသည်။

ပို့ကုန်ပဲ မတ်ပဲ ၊ပဲစင်းငုံးနှင့် ပဲတီစိမ်းတို့မှာ ဧပြီလ သင်္ကြန်ကာလနောက်ပိုင်း ဈေးမြင့်တက်ထား သော်လည်း မေလ ပထမသီတင်းပတ်တွင် အရောင်းအဝယ်အေးကာ ဈေးအနည်းငယ်စီ ကျဆင်းသွား သည်။ ပို့ကုန်ပဲများ အပါဝင် အခြားပဲများလိုင်းများပါ လိုက်ပါ၍ ဈေးကျဆင်းနေကြောင်း သိရသည်။ မေ ၂ ရက်နေ့တွင် မတ်ပဲ   တစ်အိတ် ၁၄၀၀၀၀-၁၄၂၀၀၀၊ ပဲစင်းငုံတစ်အိတ် ၁၂၈၀၀၀၊ ပဲတီးစိမ်းရွှေဝါ တစ်အိတ် ကျပ် ၁၅၂၀၀၀ ၊ လမ်းပဲတီစိမ်း ၁၃၉၀၀၀ -၁၄၀၀၀၀၊ အညာပဲတီစိမ်း ၁၂၅၀၀၀ေ ပေါက်ဈေးရှိနေသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/a9e10725af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 2, 2022 11:18 上午
下一篇 5月 8, 2022 7:44 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....