စာတို၊ ပုံပန်းချီ၊ ဓာတ်ပုံ ပြိုင်ပွဲဖိတ်ခေါ်

“လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်တော့်အမြင်” စာတို၊ ပုံပန်းချီ၊ ဓာတ်ပုံ ပြိုင်ပွဲဖိတ်ခေါ်

စာတို၊ ပုံပန်းချီ၊ ဓာတ်ပုံ ပြိုင်ပွဲဖိတ်ခေါ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဆဋ္ဌမအကြိမ်မြောက် လန်ချန်း-မဲခေါင်ရက်သတ္တပတ် (မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့) အား ကြိုဆိုသောအားဖြင့် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်တော့်အမြင်” ခေါင်းစဉ်ဖြင့် စာတို၊ ပုံပန်းချီ၊ ဓာတ်ပုံ လက်ရာများ ပြိုင်ပွဲအတွက် စုစည်းမှုစတင်မည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်မည့်သူများက စာတို၊ ပုံပန်းချီ၊ ဓာတ်ပုံစသည့်လက်ရာများဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် သိရှိနားလည်မှု၊ အမြင်နှင့် ခံစားချက်များကို မျှဝေရန် ဖြစ်သည်။

စာတို၊ ပုံပန်းချီ၊ ဓာတ်ပုံ ပြိုင်ပွဲဖိတ်ခေါ်

ပါဝင်ယှဉ်ပြိုင်သူများသည် သက်ဆိုင်ရာလက်ရာများကို #GreatLMC# ဟူသော hashtag ဖြင့် မိမိ၏ Facebook account တွင်တင်၍ Chinese Embassy in Myanmar page အား Mention ခေါ်နိုင်သကဲ့သို့ chinaembpicture@gmail.com သို့ မတ်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ပေးပို့နိုင်ပြီး မတ်လ ၂၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook Page တွင် ဆုရရှိသည့်လက်ရာနှင့် အမည်စာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ဆုများအဖြစ် ပထမဆု Xiaomi လျှပ်စစ်သွားတိုက်တံ တစ်ဆု၊ ဒုတိယဆု NOGO Bluetooth စပီကာ သုံးဆု၊ တတိယဆု The Analects ဝါးပေလွှာ ငါးဆု၊ နှစ်သိမ့်ဆုအနေဖြင့် ယွန်းထည် Name card ဘူး ဆယ်ဆုတို့အား ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%85%e1%80%ac%e1%80%90%e1%80%ad%e1%80%af%e1%81%8a-%e1%80%95%e1%80%af%e1%80%b6%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%81%8a-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....