ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကြိုဆိုရေးအပျော်တမ်းအပြေးပြိုင်ပွဲကိုရန်ကုန်မြို့၌ကျင်းပ

ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ ကြိုဆိုရေး အပျော်တမ်းအပြေးပြိုင်ပွဲကို ရန်ကုန်မြို့၌ကျင်းပ

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကြိုဆိုရေးအပျော်တမ်းအပြေးပြိုင်ပွဲကိုရန်ကုန်မြို့၌ကျင်းပ

အာရှအိုလံပစ်ကောင်စီ (OCA) မှကြီးမှူး၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ခံကျင်းပသည့် “ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ ကြိုဆိုရေး အပျော်တမ်းအပြေးပြိုင်ပွဲ (ASIAN Games Fun Run)” မြန်မာနိုင်ငံလှုပ်ရှားမှုကို မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအပြေးပြိုင်ပွဲတွင် (၁၃) နှစ်အထက်နှင့် (၁၃) နှစ်အောက်ဟူ၍ ကဏ္ဍနှစ်ခုဖြင့် ကျင်းပခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူများသည် “ပိုမြန်သော၊ ပိုမြင့်သော၊ ပိုအင်အားကောင်းသော၊ ပိုစည်းလုံးညီညွတ်သော” ဟူသောစိတ်ဓာတ်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ခဲ့ကြသည်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကြိုဆိုရေးအပျော်တမ်းအပြေးပြိုင်ပွဲကိုရန်ကုန်မြို့၌ကျင်းပ

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng၊ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ထောက်ပံ့ရေးဌာနမှူး Mr. Ding Jiong၊ အာရှအိုလံပစ်ကောင်စီ ကိုယ်စားလှယ် Mr. Zhou Jian တို့တက်ရောက်ခဲ့ပြီး မြန်မာလူငယ်ကျောင်းသားကျောင်းသူနှင့် အားကစားအရာရှိ စုစုပေါင်း ၂၀၀ ကျော်ပါဝင်ခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/16/%e1%80%9f%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%be%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 7小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....