ကြေးနီစီမံကိန်းအလုပ်အကိုင်ဖန်တီးပေး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ဒေသခံလုပ်သား ၄၀၀၀ ကျော် အလုပ်အကိုင် ဖန်တီးပေးထားကြောင်း ထုတ်ပြန်

ကြေးနီစီမံကိန်းအလုပ်အကိုင်ဖန်တီးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ဒေသခံအလုပ်သမား ၄၀၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အရေးများ ဖန်တီးပေးထားကြောင်း Myanmar Wanbao Mining Copper Limited က မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း မတူညီသော လုပ်ငန်းခွင်တွင် လုပ်ငန်းမျိုးစားအလိုက် ရုံးခန်းနှင့် စက်ရုံများ တည်ဆောက်ထားပြီး သတင်းအချက်အလက်နည်းပညာမူအရ ကွန်ပျူတာနှင့် ခေတ်မီသောရုံးသုံးကိရိယာများ တပ်ဆင်ထားသောကြောင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမို တိုးတက်ကောင်းမွန်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြေတူးစက်များ၊ မိုင်းတွင်းသုံး ထရပ်ကားများ၊ ကရိန်းများ၊ ၀န်ချီစက်များကို အသုံးပြုခြင်းကြောင့် အလုပ်ကြမ်းလုပ်သား လျှော့ချပေးနိုင်ပြီး ၀န်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိတ်ချရကြောင်း ထုတ်ပြန်ထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ပထမဦးစားပေးမှာ အလုပ်သမားများကို ကာကွယ်ရေး ဖြစ်သဖြင့် လုပ်သားများ လုပ်ငန်းခွင်တွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းခွင်သုံး အကာအကွယ် ဦးထုတ်များ၊ ယူနီဖောင်းများ၊ ဖိနပ်များ စသည်တို့ကိုလည်း ထောက်ပံ့ပေးထားသည်။ ထို့ပြင် အပူဒဏ်ကို ရှောင်ရှားနိုင်ရန်အတွက်လည်း ရုံးခန်းနှင့် မော်တော်ယာဉ်များတွင် လေအေးပေးစက်များ တပ်ဆင်ပေးထားပြီး မိုင်းဆိုက်အတွင်း အအေးခန်းများ ထားရှိပေးကာ ရေဓာတ်ဖြည့် အချိုရည်များကိုလည်း အသင့် ထားရှိသည်ဟုဆိုသည်။

ကြေးနီစီမံကိန်းအလုပ်အကိုင်ဖန်တီးပေးကြေးနီစီမံကိန်းအလုပ်အကိုင်ဖန်တီးပေးကြေးနီစီမံကိန်းအလုပ်အကိုင်ဖန်တီးပေးကြေးနီစီမံကိန်းအလုပ်အကိုင်ဖန်တီးပေး

ထို့အတူ အပူရှပ်ခြင်းများ ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေ ပြုစုနိုင်ရန်အတွက်လည်း ရှေးဦးသူနာပြုစုနည်းသင်တန်းများကိုလည်း ပို့ချထားပြီး ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း သွားရေးလာရေး လွယ်ကူအဆင်ပြေစေရန် ကြို/ပို့ဘတ်စ်ကားများလည်း စီစဥ်ပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%94%e1%80%ae%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....