မုံရွာမြို့ မှပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

မုံရွာမြို့ မှပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

မုံရွာမြို့ မှပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးရှိ ပေါ်ဦးရွှေဆိုင်(၂)တွင် မတ်လ ၂၁ ရက် မွန်းတည့်ချိန်က ဓားပြတိုက်ခံရကြောင်းသိရသည်။

“ပေါ်ဦးရွှေဆိုင်က ရွှေထည်နဲ့ ရွှေအတုံး ပိသာလိုက်၊ ငွေသား သိန်းထောင်ချီ တံခါးပိတ် ဓားပြတိုက်သွားတာလို့ သိရတယ်” ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

ပေါ်ဦးရွှေဆိုင် ၁ နှင့် ၂ တို့ကို တံခါးပိတ်ကာ အစောင့်များ ချထားပြီး ရောင်းဝယ်နေခြင်းဖြစ်ရာ ပထမ အမျိုးသမီး ၂ ဦးသည် ရွှေဝယ်သကဲ့သို့လာပြီး တံခါးအဖွင့်တွင် သေနတ်ကိုင် ယောကျာ်းလေးများ ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ရွှေဆိုင်တွင်းတွင်လည်း ရွှေဝယ်ဟန်ဖြင့် ရောက်နှင့်နေသည့် တချို့မှာလည်း ဓားပြအဖွဲ့များ ဖြစ်ကြောင်း ပေါ်ဦးရွှေဆိုင် အသိုင်းအဝိုင်းနှင့်နီးစပ်သူထံကသိရသည်။

ပေါ်ဦးရွှေဆိုင်တံခါးစောင့် ရွှေဆိုင်အလုပ်သမားတစ်ဦးကိုလည်း ဓားပြအဖွဲ့က သေနတ်ဖြင့် ပစ်သွားသဖြင့် ကုသမှုခံနေရကြောင်း သိရသည်။

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ မြို့လယ်မီးပွိုင့်ရှိ သိန်းတရာ ရွှေဆိုင်တွင် ၂၀၂၂ခု စက်တင်ဘာလ ၁၁ရက် နံနက်၁၁နာရီကျော်က ဓားပြတိုက်ခံခဲ့ရရာ လက်ရှိတွင် တရားခံဖမ်းမိခြင်း မရှိသေးကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%99%e1%80%be%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%a5%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....