မုံရွာမြို့တွင် သင်္ကြန်အကြို စာအုပ်စျေးရောင်းပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် သင်္ကြန်အကြို စာအုပ်စျေးရောင်းပွဲကို ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီခွဲအထိ မုံရွာမြို့ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာအုပ်စျေးရောင်းပွဲကို မုံရွာမြို့ Book Shop By Eleanor ကပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် စာအုပ်အမျိုးပေါင်း ၇၀၀ ကျော် ပြသရောင်းချရာ စိတ်ခွန်အားမြှင့်နှင့် ရသစာအုပ်များ ရောင်းကောင်းကြောင်း သိရသည်။
စာအုပ်စျေးရောင်းပွဲတွင် ပထမဆုံးဝယ်ယူသူ ၁၀ဦးကို မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ပြီး အဖွဲ့လိုက်စုလာသူများကို မည်သည့်စာအုပ်ဝယ်ဝယ် ၆ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/11/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9e%e1%80%84%e1%80%ba%e1%80%b9%e1%80%80%e1%80%bc%e1%80%94/