မုန်တိုင်းသင့်သူများကူညီရန် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂ သိန်း ကနဉီးကူညီပံ့ပိုးမည်
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုသည် ကနဉီးအနေဖြင့် အမေရိကန်ဒေါ်လာနှစ်သိန်း ကို အမေရိကန်နိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက မေလ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ ထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးကြောင်း၊ အမေရိကန်ပြည်ထောင်စုက ရှေ့လာမည့် ရက်များ၊ သီတင်းပတ်များနှင့် လများအတွင်း ဘေးသင့်သူများကို ဆက်လက်၍ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/18/%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%b0/