မုံရွာမြို့တွင် အဆောက်အအုံ မှတ်တမ်းတင်ခြင်း ကွင်းဆင်းကောက်ယူလျက်ရှိ
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က မုံရွာမြို့ ပေါ်ရှိ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဖြစ်သည့် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းများနှင့်အတူ ကောက်ကွက်များ သတ်မှတ်ကာ ဆောင်ရွက်မည်ဖြစ်သည်။
နေ့စဉ်တာဝန်ကျအဖွဲ့ များက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်းမှစ၍ မုံရွာမြို့ ၊ ရုံးကြီး ရပ်ကွက်အတွင်းရှိ အဆောက်အအုံမှတ်တမ်းတင်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်၍ ကွင်းဆင်း ကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆောက်အအုံမှတ်တမ်းတင်ခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင် လူနေ၊ မနေ၊ ကျား၊ မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဆက်လက် ကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%86%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1/