မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကောမိန်စမတ်စာကြည့်တိုက် ဖွင့်လှစ်
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်နေ ပြည်သူပြည်သား စာဖတ်ပရိသတ်များအား ၂၄ နာရီ စမတ်အလိုအလျောက် ဝန်ဆောင်မှုပေးသည့် ကောမိန်စမတ်စာကြည့်တိုက်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ နုံတောင်မြို့နယ် မတ်လ ၁၉ ရက်နေ့က နုံတောင်ရွာတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
နယ်စပ်ဒေသ ယဥ်ကျေးမှုချမ်းမြေ့ရွာဖြစ်သည့် တယ်ဟုန်ပြည်နယ်ခွဲစာကြည့်တိုက်၏ နုံတောင်ရွာ စာကြည့်တိုက်ခွဲကို ဖွင့်လှစ်လိုက်ရာ ၎င်းသည် ယူနန်ပြည်နယ်၏ ပထမဆုံး နယ်စပ်ဒေသ ယဥ်ကျေးမှုချမ်းမြေ့ရွာ ကောမိန်စမတ်စာကြည့်တိုက် ဖြစ်လာကြောင်း မင်္ဂလာသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါကောမိန်စာကြည့်တိုက်တွင် တန်ဖိုး တရုတ်ယွမ် တစ်သိန်းရှိ စာအုပ်များ ခင်းကျင်းထားကာ စာဖတ်ပရိသတ်များသည် စာအုပ်များကို ရှာဖွေခြင်း၊ ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပြန်ပို့ခြင်းတို့ကို ၂၄နာရီ ပိတ်ရက်မရှိ အလိုအလျောက် ကိုယ်တိုင်လုပ်ဆောင်နိုင်ကြောင်း သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/01/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90-2/