ထောပတ်ပဲသစ်များ စံချိန်တင်အမြင့်စျေးရရှိ

ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲသစ်များ ယခင်နှစ် ကာလတူပေါက်စျေးထက် စံချိန်တင်အမြင့်စျေးရရှိ

ထောပတ်ပဲသစ်များ စံချိန်တင်အမြင့်စျေးရရှိ

၂၀၂၂ ခုနှစ် ပဲရာသီအတွက် အသစ်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ဝင်ရောက်လာကာ အဖွင့်ဈေးမှာလည်း ယခင်နှစ်ကာလတူထက် တစ်ဆကျော်မြင့်တက်နေပြီး စံချိန်တင် အမြင့်စျေးဖြစ်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

ပဲရာသီအသစ်၏ ထောပတ်ပဲများကို မတ္တရာ၊ စဉ့်ကူးနယ်များမှ အဓိကဝင် ရောက်လာပြီး၊ ယခင်နှစ်ကာလတူက ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေး စခဲ့သော်လည်း၊ ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲ(အပြားကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အလတ်)မှာ ၁၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အသေး)မှာ ၁၁၀၀၀၀ ဈေးနှုန်းတို့ဖြင့် ပေါက်ဈေးရှိနေပြီး ယခင်နှစ်အဖွင့်ဈေးထက် တစ်ဆကျော် မြင့်တက်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

“ထောပတ်ပဲဈေးနှုန်းက စပေါ်ပေါ်ခြင်းမှာပဲ စံချိန်တင်မြင့်တက်ပြီး ဈေးကောင်းရရှိနေပါတယ်။ လက်ရှိချိန်မှာ ထောပတ်ပဲက ပြည်တွင်း စားသုံးမှုအနေနဲ့လဲ အဝယ်လိုက်နေတယ်။ တရုတ်ဝယ်လက်တွေကလဲ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖွင့်တော့ စတင်ဝယ်ယူနေပါပြီ။ ၂၀၂၂ ခုနှစ် ပဲရာသီအစမှာ ထွက်သမျှပဲတွေအနက် ထောပတ်ပဲဈေးနှုန်းက ငါးနှစ်အတွင်းမှာ အမြင့်ဆုံးဈေးနှုန်းအနေနဲ့ စံချိန်တင် မြင့်တက်နေပါတယ်။ ထောပတ်ပဲကိုနှစ်စဉ် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချရပါတယ်။ ထောပတ်ပဲကို အထူးစိုက်ကွင်းတွေပြုလုပ်ပြီး စိုက်တာတွေလည်း တွေ့ရပါတယ်။ တစ်နှစ်မှာ တစ်ရာသီပဲ ဆောင်းသီးနှံအနေနဲ့ စိုက်ပျိုးလို့ရပါတယ်။ ယခု ဇန်နဝါရီလဆန်းကနေ စတင်ထွက်ရှိတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း အလှိုင်ဆုံးအနေနဲ့ ဈေးကွက်အတွင်း ဝင်ရောက်တာ ဖြစ်ပါတယ်။ ဈေးကွက်တောင်းဆိုမှုကြောင့် ထောပတ်ပဲဝယ်လိုအားကလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာတာ တွေ့ရှိရပါတယ်” ဟု ၎င်းကပြောသည်။

ထောပတ်ပဲကို မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အဓိကထားပြီး စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲကို အထူးစိုက်ပျိုးကြသည့် ဒေသများမှာ မကွေးတိုင်းဒေသကြီးတွင် မင်းဘူး၊ ဆင်ဖြူကျွန်းနှင့် စလင်းဒေသများ၊ မန္တလေးတိုင်းဒေသကြီးတွင် မလှိုင်၊ တောင်သာ၊ နွားထိုးကြီးဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/4dfc2f9f97/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:53 下午
下一篇 2月 23, 2022 2:54 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....